top of page
Logo-Icon.png

ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ (၅၄) ဦးထက်မနည်းရှိလာပြီး လူဦးရေ သိန်းနှင့်ချီ ပိတ်မိနေ

ဘင်္ဂလားဒေ့ရှ် ၊ ဇူလိုင် ၁၄ ၊ Horizons



ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ပြင်းထန်သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လူပေါင်း (၅၄) ဦးထက်မနည်း သေဆုံးခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာများစွာ ရေအောက်ရောက်ကာ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။


ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကော့ဘဇား ကမ်းရိုးတန်းခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကလေးငယ်များအပါအဝင် လူအများအပြား သေဆုံးခဲ့ရပြီး အဆိုပါဒေသမှာ ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံး ကြုံတွေ့နေရသည့် နေရာတစ်ခုဖြစ်လာသည်။


လက်ရှိအချိန်တွင် ရေကြီးရေလျှံမှုများကြောင့် ကျေးရွာပေါင်းများစွာမှာ ခါးအထိ ရေနစ်မြုပ်နေပြီး အချို့နေရာများတွင် သွပ်မိုးအိမ်များ၏ အမိုးပေါ်အထိ ရေဖုံးလွှမ်းသွားခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ဒေသခံလူဦးရေ တစ်သိန်းကျော်မှာ ပိတ်မိနေလျက်ရှိသည်။ ကယ်ဆယ်ရေးအကူအညီများ ရောက်ရှိရန် နှောင့်နှေးကြန့်ကြာနေသည့်အတွက် အရေးပေါ်လိုအပ်ချက်များကို အချိန်မီ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ညည်းညူပြောဆိုနေကြသည်။



Comments


bottom of page