မြိုင်-ပေါက်အစပ် ကျွဲတွင်းရွာဘက်သို့ စစ်ကြောင်းထိုးနေသဖြင့် ရေနံမှော်များ လေကြောင်းရန် အထူးသတိပြုရန် နှိုးဆော်
- Horizons News

- 21 hours ago
- 1 min read
မြိုင် ၊ ဇူလိုင် ၁၆ ၊ Horizons

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ဝါးရင်းချိုင်ကျေးရွာဘက်သို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (ဇူလိုင်လ ၁၆ ရက်) နေ့လယ်ပိုင်းတွင် မြောက်ဘက်ရှိ ကျွဲတွင်းကျေးရွာဘက်သို့ ဦးတည်၍ ဆက်လက်ထွက်ခွာလာကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်က ထုတ်ပြန်ထားသည်။
အဆိုပါစစ်ကြောင်းအတွက် ရိက္ခာသယ်ဆောင်လာသည့် ကားတန်းမှာ ယမန်နေ့ကတည်းက အမှတ် (၂) အခြေခံလူသုံးကုန်ပစ္စည်းစက်ရုံ (စက်မှု - ၂) အတွင်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ယနေ့နံနက်ပိုင်းတွင်လည်း ၎င်းစက်ရုံအတွင်းသို့ စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်များ အဆင်းအတက်ပြုလုပ်ကာ စစ်ကူ၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် ရေနံမှော်ဒေသများဘက်သို့ ဦးတည်ရွေ့လျားလာနိုင်သဖြင့် အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေရဆဲ ဖြစ်သည်။
အထူးသဖြင့် ၎င်းဒေသတစ်ဝိုက်ရှိ ရေနံမှော်များတွင် လုပ်ကိုင်နေကြသော ရေနံလုပ်သားများနှင့် ဒေသခံပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို အထူးဂရုစိုက်ကြရန်နှင့် ဘေးလွတ်ရာခိုလှုံနိုင်ရေး၊ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်က တိုက်တွန်းနှိုးဆော်ထားသည်။



Comments