top of page
Logo-Icon.png

မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံကျေးရွာ ၁၂ ရွာနီးပါး စစ်ဘေးရှောင်နေရ 

စစ်ကိုင်း၊ ဇူလိုင် ၉ ၊ Horizons

 


စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံကျေးရွာတွေက စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။

 

မနေ့ညပိုင်းမှာ အကြမ်းဖက်စစ်တပ်က လက်ပံကျင်းကျေးရွာက ပြည်သူနေအိမ်တွေဆီကနေ ပစ္စည်းတွေ ခိုးယူခဲ့ကြပါတယ်။

 

ဒေသခံတစ်ဦးက “ဂွေးပင်တောကနေပြီးတော့ စကစနဲ့ပေါင်းပြီး ထွက်လာတာ။ ပွိုင့်ဖိုက်ကားတစ်စီး ရှိတယ်။ ခန့်မှန်းအင်အား သုံးရာလောက်ရှိတယ်” လို့ ပြောပါတယ်။

 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ခြောက်ဘီးကားကိုးစီး နဲ့ ပွိုင့်ဖိုက်ကားတစ်စီးပါ အကြမ်းဖက်စစ် တပ်စစ်ကြောင်းက တောချောင်းဦးကျေးရွာအထိုင်စစ်တပ်စစ်ကြောင်းနဲ့ပူးပေါင်းပြီး  မြင်းမူမြို့နယ်ကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

 

အဲဒီစစ်တပ်ယာဉ်တန်းကို တော်လှန်ရေးရဲဘော်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့တွက် ခြောက်ဘီးကား တစ်စီးက ပျက်စီးခဲ့ပါတယ်။

 

မြင်းမူမြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့အတွက် မြင်းမူမြို့နယ်ထဲက စည်ပင် ၊ကံသာ ၊၄ရွာတန်း ကုန်းရွာ ရွှေယင်းမာ၊ သစ်လိန်ကျေးရွာတို့က ပြည်သူတွေ စစ်ဘေးရှောင်နေရပါတယ်။


Photo - ၂၀၂၄ ခုနှစ်က အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်း ခံရတဲ့ မြင်းမူမြို့နယ်၊ကံဖျားရွာ


Comments


bottom of page