မြန်မာ့အရေး ထိုင်းမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံ
- Horizons News

- 6 days ago
- 1 min read
ချင်းမိုင်၊ ဇူလိုင် ၁၂ ၊ Horizons

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံပွဲကို ဒီနေ့ နေလယ်ပိုင်းမှာ လုပ်နေပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်တယ်လို့ BBC Burmese က အသိပေးပါတယ်။
ဒီတွေ့ဆုံပွဲက အာဆီယံအလှည့်ကျဥက္ကဌဖိလစ်ပိုင်နိုင်ငံက ဦးစီးတာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံက လက်ခံကျင်းပ တဲ့ မြန်မာအရေးအလွတ်သဘောဆွေးနွေးပွဲ ဖြစ်ပါတယ်။
မနေ့(ဇူလိုင် ၁၁)မှာ အိမ်ရှင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက် နဲ့ ဦးတင်မောင်ဆွေတို့က ကနီဦး တွေ့ဆုံခဲ့သလို ဒီနေ့ဆွေးနွေးပွဲမှာ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေအဖွဲ့က တက်ရောက်ဆွေးနွေးနေတယ်လို့ ဘီဘီစီက ဖော်ပြပါတယ်။
အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) ကတော့ မြန်မာအကြမ်းဖက် စစ်ကောင်စီကို တရားဝင်မှုရရှိစေမည့် မည်သည့်ခြေလှမ်းကိုမဆို အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများက ငြင်းပယ်ရမည်ဖြစ်ပြီး စစ်ကောင်စီ၏ ထောင်ချောက်ထဲသို့ အာဆီယံ မကျရောက်ဖို့အတွက် သတိပေးထားပါတယ်။
ဓာတ်ပုံ - ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန









Comments