top of page
Logo-Icon.png

မုံရွာကနေ ဟုမ္မလင်းမြို့ကို လာတဲ့ အကြမ်းဖက်စစ်တပ်ရေယာဉ်အုပ်စုက ကရာရွာမှာ တစ်စီးနစ်မြုပ်ပြီး သုံးစီး ပျက်စီး

စစ်ကိုင်း၊ ဇူလိုင် ၁၈ ၊ Horizons



စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ကို လာတဲ့အကြမ်းဖက်စစ်တပ်ရေယာဉ်အုပ်စုက ဖောင်းပြင်မြို့နယ်အနီးမှာ တွဲသင်္ဘောတစ်စီး နစ်မြုပ်ပြီး သုံးစီး ထိခိုက်ကာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဝန်ထမ်းတစ်ချို့ ထိခိုက် သေဆုံးခဲ့တယ်လို့ မော်လိုက်ခရိုင်သတင်းရင်းမြစ် နဲ့ ဒေသခံသတင်းရင်း မြစ်က Horizons News ကို ပြောပါတယ်။



မုံရွာမြို့ကနေ ဟုမ္မလင်းမြို့ကို  ဆန်တက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ရေယာဉ်အုပ်စုက  လမ်းတစ်လျှောက်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီး ဖောင်းပြင်မြို့အရောက်မှာ  စစ်သင်္ဘောနှစ်စီး  အပါအဝင် သင်္ဘော ၂၁စီးသာ ဇူလိုင် ၁၆ ရက်နေ့ညပိုင်းမှာ ရောက်ရှိလာတယ်လို့ အဲဒီသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။



ဒေသခံသတင်းရင်းမြစ်အပြောအရ အကြမ်းဖက်စစ်တပ်စစ်ရေယာဉ်အုပ်စုမှ တွန်းသဘော်တစ်စီးက ကရားရွာမှာ မြုပ်ခဲ့ပြီး တစ်ခြားသင်္ဘောသုံးစီး ထိခိုက်ခဲ့သလို သင်္ဘောတွေပေါ် ပါလာတဲ့ အရပ်သားတစ်ချို့ ထိခိုက်ခဲ့ကြောင်း သိရပါတယ်။


မော်လိုက်ခရိုင်စစ်ရေးသတင်းရင်းမြစ်ကတော့ မော်လိုက်မြို့နယ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ရေယာဉ်အုပ်စုက ဖောင်းပြင်မြို့နယ်ရောက်တဲ့အထိ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာတွေကို Y12 လေယာဉ်၊ ဂျက်ဖိုက်တာတွေအပါအဝင် ဖောင်းပြင်မြို့၊ ရွှေဘုန်းပွင့်တောင်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။


ဒေသခံသတင်းရင်းမြစ်တစ်ဦးက “ မီးသတ်သင်တန်ဆင်း တစ်ယောက် သေတယ်။ ဖပက ဒဏ်ရာသူတွေတော့ များတယ်။ တစ်ဖက်ပိတ်တော့ မပြောဘူး။ ထိခိုက်တဲ့အထဲ အရပ်သားလည်း ပါနိုင်တယ်။ မနက် ဆန်ရင်လည်း အရပ်သားတွေပါမှာပဲ” လို့ ပြောပါတယ်။


စစ်ရေးသတင်းရင်းမြစ်ကတော့ အကြမ်းဖက်စစ်တပ်ရေယာဉ်အုပ်စုဘက်မှ မြေစာရင်းဒုဦးစီးမင်းနိုင်က သေဆုံး သလို ဆရာမငါးဦးလည်း ထိခိုက်ခဲ့တယ်လို့ ပြောပါတယ်။


ဇူလိုင် ၁၅ - ၁၆ နှစ်ရက်မှာ အကြမ်းဖက်စစ်တပ်က အဲဒီရေယာဉ်တန်းအတွက် ဖောင်းပြင်မြို့ အနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာနဲ့ Y12 လေယာဉ်တွေ သုံးပြီး ဗုံးအလုံးခုနစ်ဆယ်နီးပါးကို ကြဲချခဲ့ပါသေးတယ်။


အာဏာသိမ်းမှုစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ဒီနေ့အထိ အကြမ်းဖက်စစ်တပ်က ချင်းတွင်းမြစ်တစ်လျှောက် သူတို့ထိန်းချုပ်ထားတဲ့ ကျေးရွာတွေနဲ့ စစ်စခန်းတွေကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်လေ့ရှိပါတယ်။


Photo –ပေးပို့(ဖောင်းပြင်မြိုု့နယ်တစ်နေရာမှာ နစ်မြုပ်သွားတဲ့ဖလက်ခွံတစ်စီး)

Comments


bottom of page