မင်းပြားမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အရေးပေါ် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေ
- Horizons News

- Jul 10
- 1 min read
မင်းပြား ၊ ဇူလိုင် ၁၀ ၊ Horizons

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ဒေသခံများထံမှ သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့သည် ရေနစ်မြုပ်နေသော ကျေးရွာများသို့ ကိုယ်တိုင်ကွင်းဆင်းသွားရောက်ကာ ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။
ထို့အပြင် ရေဘေးရှောင် ပြည်သူများအတွက် အရေးပေါ် လိုအပ်နေသော စားနပ်ရိက္ခာများကိုလည်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။

လက်ရှိ မင်းပြားမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကျေးရွာပေါင်း ၂၂ ရွာထက်မနည်း ရေကြီးနစ်မြုပ်လျက်ရှိကြောင်း ကနဦး သိရှိရပါတယ်။
အဆိုပါ ရေနစ်မြုပ်နေသည့် ကျေးရွာများတွင် မင်းဖူး၊ ကုလားမတောင်၊ အသေကာလ၊ ဝါးတောင်၊ မြင်းကဆိပ်၊ ချင်းဆိပ်၊ တောတန်း၊ ဒုံးသား၊ ဒုံးကြီး၊ တံခွန်တိုင်၊ မြင်းတင်မ၊ လက်ခုတ် စသည့် ကျေးရွာများ ပါဝင်ပါတယ်။
ထို့ပြင် ပုလဲတောင်၊ ကပ္ပဲ့၊ ခေါင်းလောင်းရွာဟောင်း၊ အမ်းသား ကျေးရွာများနှင့် မူဆလင်ကျေးရွာများဖြစ်သည့် ဟာရပိုင်၊ လက်တော်ရီ၊ စမ္ဘလေ၊ တန်းဆိပ် အပါအဝင် အခြားကျေးရွာအချို့လည်း ရေနစ်မြုပ်နေကြောင်း သိရှိရပါတယ်။
Photo – AB News



Comments