top of page
Logo-Icon.png

မင်းပြားမြို့ မှာ ရေမြင့်တက်နေဆဲ

ရခိုင်၊ ဇူလိုင် ၁၁ ၊ Horizons



ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ရေမြင့်တက်နေဆဲလို့ ဒေသခံသတင်းရင်းမြစ်အပြောအရ သိရပါတယ်။


မင်းပြားမြို့ပေါ်က ဦးစိုးတင့်ရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ပြည်တော်လှရပ်ကွက်က ပြည်သူနေအိမ်တွေက ရေမြင့်တက်မှုကြောင့်  ပျက်စီးတယ်လို့ ဒေသခံက ပြောပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က  ရေမြင့်တက်လို မင်းဖူး‌ချောင်း နဲ့ ပန်းမြောင်ကြီးချောင်းတို့က ရေကြီးနေတာ ဖြစ်ပါတယ်။


လက်ရှိအချိန်မှာ မင်းပြားမြို့နယ်က  မြို့ပေါ် ရပ်ကွက် ရှစ်ခု နဲ့ ရွာပေါင်း ၃၀ ကျော်က ရေဘေးသင့် နေတာ ဖြစ်ပါတယ်။


ဒေသခံတစ်ဦးက “  မြစ်ကမ်းနားကျနေအိမ်တွေကို အာရက္ခအစိုးရက လိုက်သတိပေးနေတယ်။ ရေကျ သွားရင် ကမ်းပြိုတတ်ပါတယ်။ အဲဒီအခါ ပြောင်းရွှေ့ရပါလိမ့်မယ်” လို့ ပြောပါတယ်။


ရခိုင်ပြည်ထဲက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ ကျေးရွာပေါင်း ရာနဲ့ချီက ရေဘေးသင့်နေတဲ့တွက် ပြည်သူတစ်သိန်းကျော်က အရေးပေါ်အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

Comments


bottom of page