top of page
Logo-Icon.png

မင်းပြားရေဘေးသင့်ပြည်သူများကို အာရက္ခအစိုးရက ကျန်းမာရေးစောင့်ရှောက်မှုနှင့် သောက်သုံးရေများ ကူညီပံ့ပိုး

မင်းပြား ၊ ဇူလိုင် ၁၆ ၊ Horizons



ရခိုင်ပြည်နယ်အတွင်း ရေဘေးဒဏ်ခံစားနေရသည့် မြို့နယ်များမှ ဒေသခံပြည်သူများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။


မင်းပြားမြို့နယ်အတွင်း ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာအများအပြား ရေကြီးနစ်မြုပ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုသို့ ရေဘေးသင့်ခဲ့သည့် ပြင်ယောင်းကျေးရွာအပါအဝင် အခြားသော ကျေးရွာအချို့သို့ အာရက္ခအစိုးရ၏ ကျန်းမာရေးအဖွဲ့များက သွားရောက်ကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသပေးခြင်းများနှင့် သောက်သုံးရေ လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။



လက်ရှိတွင် အာရက္ခအစိုးရအနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ လုပ်ဆောင်ပေးလျက်ရှိသည်။ ထို့ပြင် ရေပြန်လည်ကျဆင်းသွားသည့် နေရာများတွင်လည်း ဒေသခံများနှင့် ပူးပေါင်းကာ သန့်ရှင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ ဆက်လက်လုပ်ဆောင်ပေးနေကြောင်း သိရှိရသည်။


(ဓာတ်ပုံ - APM)


Comments


bottom of page