top of page
Logo-Icon.png

မင်းဘူးခရိုင်စစ်ဌာန၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြုအခမ်းအနား ကျင်းပ



မင်းဘူး ၊ ဇူလိုင် ၁၉ ၊ Horizons


မင်းဘူးခရိုင်စစ်ဌာနတွင် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ ဒီမိုကရေစီတော်လှန်ရေး အဆက်ဆက်တွင် သက်စွန့်ဆံဖျား တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်များအား ရည်စူး၍ အလေးပြုအခမ်းအနားတစ်ရပ်ကို ယနေ့ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။



အဆိုပါ အခမ်းအနားတွင် တရားမျှတမှု၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုတို့အတွက် တိုက်ပွဲဝင်ရင်း အသက်၊ သွေး၊ ချွေးများ ပေးဆပ်စွန့်လွှတ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းအပေါင်းကို မင်းဘူးခရိုင်စစ်ဌာနနှင့် မင်းဘူးခရိုင်တပ်ရင်းများမှ ရဲဘော်များက လေးစားဦးညွတ်စွာဖြင့် ဂါရဝပြု အလေးပြုခဲ့ကြသည်။


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် ယနေ့ကဲ့သို့ ဇူလိုင်လ (၁၉) ရက် အာဇာနည်နေ့တွင် တော်လှန်ရေးအင်အားစုများအလိုက် အလေးပြုပွဲများနှင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် လှုပ်ရှားမှုများကို နေရာအနှံ့အပြား၌ ပြုလုပ်ဆင်နွှဲလျက်ရှိကြသည်။


#အာဇာနည်နေ့ #မင်းဘူးခရိုင်စစ်ဌာန #HorizonsNews

 
 
 

Comments


bottom of page