top of page
Logo-Icon.png

မင်းလက်ပံတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင် ငါးဆယ်နီးပါး သေဆုံး

ကရင်၊ ဇူလိုင် ၉ ၊ Horizons


 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်ငါးဆယ်နီးပါး သေဆုံးတယ်လို့ စစ်ရေးသတင်းရင်းမြစ်အပြောအရ သိရပါတယ်။

 

အကြမ်းဖက်စစ်တပ်က အင်အားတစ်ထောင်ကျော်လောက်နဲ့ မင်းလက်ပံကျေးရွာကို ပြီးခဲ့တဲ့ဇူလိုင် ၇ ရက်နေ့မှာ ထိုးစစ်လာပြီး တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

 

စစ်ရေးသတင်းရင်းမြစ်က “စစ်တပ်က လေးဆယ်ကျော်လောက် သေတယ်၊ ငါးဆယ်လောက် ဒဏ်ရာ ရထားတယ်။ အရာရှိဆယ်ဦးလောက်လည်း ထိထားတယ်” လို့ ပြောပါတယ်။

 

အကြမ်းဖက်စစ်တပ်က ဆုံံးရှုံးထားတဲ့ ထိုင်း - မြန်မာနယ်စပ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ မင်းလက်ပံကျေးရွာ နဲ့ ဖလူးကျေးရွာတွေကို ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

 

အကြမ်းဖက်စစ်တပ်လော်ဘီတွေက မင်းလက်ပံရွာက တော်လှန်ရေးတပ်စခန်းတွေကို လက်နက်ကြီး တွေနဲ့ 122m MLRS အတွဲလိုက်ဒုံးတွေ သုံးပြီး တိုက်ခိုက်နေတယ်လို့ ရေးသားနေကြပါတယ်။



Comments


bottom of page