top of page
Logo-Icon.png

မန္တလေးတွင် ငလျင်လှုပ်ခတ်သဖြင့် ပြည်သူများ အထိတ်တလန့်ဖြစ်ကာ အဆောက်အအုံများအတွင်းမှ အလျင်အမြန် ထွက်ပြေးရ

မန္တလေး ၊ ဇူလိုင် ၁၇ ၊ Horizons



မန္တလေးမြို့တွင် ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက် ၇ နာရီ ၅၄ မိနစ်မှ ၇ နာရီ ၅၆ မိနစ်အတွင်း သိသာသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် ပြည်သူများ အထိတ်တလန့်ဖြစ်ကာ နေအိမ်များ၊ တိုက်ခန်းများနှင့် လုပ်ငန်းခွင်များအတွင်းမှ အလျင်အမြန် ထွက်ပြေးခဲ့ကြရကြောင်း ဒေသခံများထံမှ သိရသည်။


ဒေသခံများ၏ ပြောကြားချက်အရ ယနေ့ လှုပ်ခတ်သော ငလျင်မှာ လှုပ်ရှားမှုအတော်အသင့်ပြင်းထန်ကာ ကြာမြင့်ချိန်လည်း ရှိသဖြင့် ပြည်သူများကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


"မနက်  နာရီ ၅၄ မိနစ်လောက်ကစပြီး  နာရီ ၅၆ မိနစ်အထိ ငလျင်က () ကြိမ်ဆက်တိုက် လှုပ်သွားတယ်။ အိမ်တစ်လုံးလုံး ရမ်းခါသွားတာ။ အားလုံး ကြောက်ပြီး အပြင်ကို ပြေးထွက်ကြတယ်" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။ အခြားဒေသခံတစ်ဦးကလည်း "ဒီတစ်ခေါက် ငလျင်က အရင်အကြိမ်တွေထက် နည်းနည်းကြမ်းတယ်လို့ ခံစားရတယ်။ လှုပ်တဲ့အချိန်လည်း တော်တော်ကြာတော့ လူတွေ အကုန်လုံး ထိတ်လန့်သွားကြတယ်" ဟု ဆိုသည်။


မန္တလေးမြို့သည် စစ်ကိုင်းပြတ်ရွေ့ကြောအနီးတွင် တည်ရှိသဖြင့် ငလျင်လှုပ်ခတ်မှုများ မကြာခဏ ကြုံတွေ့ရသည့် ဒေသတစ်ခုဖြစ်သည်။ 


အထူးသဖြင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးတိုင်းအတွင်း လူထောင်နှင့်ချီ သေဆုံးခဲ့ပြီး အဆောက်အအုံများ၊ သာသနိကအဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများ အကြီးအကျယ် ပျက်စီးခဲ့ရသည့် နောက်ဆက်တွဲ စိတ်ဒဏ်ရာများကြောင့် ဒေသခံပြည်သူများမှာ ယခုကဲ့သို့ ငလျင်လှုပ်ခတ်တိုင်း နေအိမ်ပြင်ပသို့ အလျင်အမြန် ထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရသည်။

Comments


bottom of page