မန္တလေးမြို့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့၌ စစ်ကောင်စီက အင်အားအများအပြားဖြင့် လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများပြုလုပ်နေ
- Horizons News

- 2 days ago
- 1 min read

မန္တလေး ၊ ဇူလိုင် ၁၉ ၊ Horizons
ယနေ့ ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် မန္တလေးမြို့၌ စစ်ကောင်စီတပ်က လုံခြုံရေးအင်အား အများအပြားချထားပြီး တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ (၁၉) ရက် ယနေ့နံနက်အစောပိုင်းကတည်းက မန္တလေးမြို့၏ မြို့ဝင်မြို့ထွက်ဂိတ်များ၊ လမ်းဆုံလမ်းခွများနှင့် အချက်အချာကျသည့် နေရာများတွင် စစ်တပ်၊ ရဲ၊ ပျူစောထီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အင်အားအများအပြားဖြင့် စစ်ဆေးခြင်းနှင့် ကင်းပုန်းဝပ်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။
"မနက်ကတည်းက လမ်းဆုံတွေမှာ အင်အားအပြည့်နဲ့ စစ်နေတာ။ ကားတွေရော၊ သုံးဘီးတွေရော အကုန်တားပြီး စစ်ဆေးနေတယ်"
ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြည်သူများက အနက်ရောင်ဝတ်ဆင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်လာမည်ကို စိုးရိမ်သဖြင့် အင်္ကျီအနက်ရောင်များ မဝတ်ဆင်ကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့က လိုက်လံပြောဆို တားမြစ်မှုများလည်း ရှိနေကြောင်း သိရှိရသည်။
(ဓာတ်ပုံ - မန္တလေးမြို့ရှိ အာဇာနည်ဗိမာန်အား တွေ့ရစဉ် / Photo - ဒေသခံ)
Horizons News မှ တင်ဆက်သော သတင်းများကို အောက်ပါ Horizons News ၏ Website နှင့် Social Media များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Website - www.thehorizonsnews.com
You Tube - https://www.youtube.com/@thehorizonsnews
Telegram - https://t.me/thehorizonsnew



Comments