ရွှေဘိုခရိုင် တပ်ရင်း (၆) ၏ ပထမဆုံးအကြိမ် တပ်မှူးများ တိုက်ပွဲဝင်စွမ်းရည်မြှင့်တင်ရေးသင်တန်း အောင်မြင်စွာ ပြီးမြောက်
- Horizons News

- Jul 11
- 1 min read
တန့်ဆည် ၊ ဇူလိုင် ၁၁ ၊ Horizons

ရှေ့တန်းစစ်မျက်နှာပြင်တွင် စစ်ရေးစွမ်းရည်နှင့် ခေါင်းဆောင်မှုအပိုင်းများ ပိုမိုအားကောင်းခိုင်မာလာစေရန် ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ရွှေဘိုခရိုင် အမှတ် (၆) တပ်ရင်း (PDF တန့်ဆည်) ၏ ပထမဆုံးအကြိမ် တပ်မှူးများ စုဖွဲ့ပြင်ဆင်မှု အပတ်စဉ် (၁) သင်တန်းကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဝင်စွမ်းရည်မြှင့်တင်ခြင်း စစ်ဆင်ရေး သင်တန်းဆင်းပွဲနှင့် သင်တန်းကာလအတွင်း လေ့ကျင့်သင်ကြားနေမှု မှတ်တမ်းပုံရိပ်များကို အများပြည်သူ သိရှိနိုင်စေရန်အတွက် PDF တန့်ဆည် တပ်ရင်း (၆) က တရားဝင် သတင်းထုတ်ပြန် အသိပေးခဲ့ခြင်းဖြစ်သည်။
ယခုပြုလုပ်သည့် လေ့ကျင့်ရေးသင်တန်းတွင် ကာကွယ်ရေးတပ်ဖွဲ့အတွင်းရှိ အဆင့်ဆင့်သော တပ်မှူးကြီးများနှင့် တပ်မှူးငယ်များအားလုံး တက်ကြွစွာ ပါဝင်တက်ရောက်ခဲ့ကြသည်။
သင်တန်းကာလအတွင်း တော်လှန်ရေး၏ စစ်ရေးရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ရိက္ခာနှင့် စစ်အင်အား စုဖွဲ့ပြင်ဆင်မှုစနစ်များ ပိုမိုစနစ်ကျစေရေးတို့အပြင် စစ်မြေပြင်တွင် မရှိမဖြစ်လိုအပ်သော ခေါင်းဆောင်မှု အရည်အချင်းများ ပိုမိုပြည့်ဝလာစေရန် အဓိကထား၍ စနစ်တကျ သင်ကြားပို့ချ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
Photo - ရွှေဘိုခရိုင် တပ်ရင်း ၆



Comments