top of page
Logo-Icon.png

လင်မယားချင်း စကားများရာမှ ဓားဖြင့်ထိုး၊ ငရုတ်ကျည်ပွေ့ဖြင့် ရိုက်နှက်မှုကြောင့် အမျိုးသမီးဖြစ်သူ သေဆုံး

ပဲခူး ၊ ဇူလိုင် ၁၈ ၊ Horizons



ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၈) ရပ်ကွက်၊ တက္ကသိုလ်ဘုရားလမ်းတွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက ဓားဖြင့်ထိုးကာ ငရုတ်ကျည်ပွေ့ဖြင့် ထုနှက်ခဲ့မှုကြောင့် အမျိုးသမီးဖြစ်သူ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၁၇ ရက်) ညနေ ၅ နာရီခန့်က အသက် (၄၆) နှစ်အရွယ် ဒေါ်နွဲ့နွဲ့စန်းနှင့် ခင်ပွန်းဖြစ်သူ အသက် (၄၃) နှစ်အရွယ် ဦးဇော်မင်းတို့ နေအိမ်၌ရှိနေစဉ် စကားများ ရန်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးက ယခုလို ပြောပြသည်။

"လင်မယားချင်း စကားများရင်းနဲ့ ယောကျ်ားဖြစ်သူဘက်က လက်လွန်သွားတာလို့ သိရတယ်။ သားသမီးတွေရဲ့ အပြောအရ သူတို့လင်မယားက မကြာခဏ စကားများလေ့ရှိတယ်။ ဖခင်လုပ်သူကလည်း အသောက်အစား ရှိတယ်လို့ ဆိုပါတယ်။ စကားများတော့ ယောကျ်ားဖြစ်သူက မိန်းမရဲ့ခေါင်းကို အရင်ထုပြီးမှ ဓားနဲ့ထိုးတာပါ"


အဆိုပါဖြစ်စဉ်ကြောင့် ဒေါ်နွဲ့နွဲ့စန်းမှာ ဝဲဘက်ရင်ညွန့်နှင့် ချိုင်းအောက်တို့တွင် ထိုးသွင်းဒဏ်ရာများ၊ နဖူးထိပ်နှင့် ခါးနောက်ကျောတို့တွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။ မိခင်ဖြစ်သူ သေဆုံးနေသည်ကို အလုပ်မှပြန်လာသည့် သားသမီးများက တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ခင်ပွန်းဖြစ်သူမှာမူ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။


ထို့နောက် နေအိမ်ပြန်လာသည့် သားသမီးများက ပတ်ဝန်းကျင်နှင့် ရပ်ကွက်တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ပြီး တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်ပွားရာနေရာအနီးမှ သွေးစွန်းနေသည့် ဓားနှင့် ငရုတ်ကျည်ပွေ့တို့ကို သက်သေခံအဖြစ် တွေ့ရှိခဲ့ရသည်။


ထွက်ပြေးတိမ်းရှောင်သွားသည့် အမျိုးသားဖြစ်သူကို တာဝန်ရှိရဲတပ်ဖွဲ့က လိုက်လံရှာဖွေရာ ည ၈ နာရီခန့်တွင် ရပ်ကွက်အတွင်းရှိ အသိတစ်ဦး၏ နေအိမ်၌ ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိခဲ့သည်။ လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ဦးဇော်မင်းအား အမှတ် (၃) နယ်မြေရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းကာ လိုအပ်သ

Comments


bottom of page