ဝမ်ပေါင် နဲ့ ယန်စီမှာ CDM လုပ်ခဲ့ကြတဲ့ဝန်ထမ်းတွေ လုပ်ငန်းခွင်ကို ပြန်ဝင်နေကြ
- Horizons News

- 5 days ago
- 1 min read
စစ်ကိုင်း၊ ဇူလိုင် ၁၃ ၊ Horizons

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က တရုတ်နဲ့ ပူးပေါင်းလုပ်နေတဲ့ ဝမ်ပေါင် နဲ့ ယန်စီကုမ္မဏီတွေမှာ CDM လုပ်ခဲ့ကြတဲ့ဝန်ထမ်းတွေက လုပ်ငန်းခွင်တွေကို ပြန်ဝင်နေကြပြီလို့ ဒေသခံသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “ ရွာမှာ ခြောက်နှစ်အထိ CDM လုပ်ပေးကြတယ်။ အခု ၃ ပုံ ၂ ပုံ ဝင်သွားကြပြီ၊ တောင့်ခံစရာ ငွေကို မရှိတော့လို့၊ အိမ်တွေလည်း အခွံတွေပဲ ကျန်တော့တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဆားလင်းကြီးပအဖ ထုတ်ပြန်ချက်မှာ မြို့နယ်ပုဂ္ဂလိက Non CDM ဝန်ထမ်းစီမံခန့်ခွဲရေးကော်မတီက အကြမ်းဖက်စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ အားပေးအား မြောက်ပြုတဲ့ အကြမ်းဖက်စစ်တပ် ထောက်တိုင်ကုမ္မဏီတွေက ဦးဆောင်ပါဝင်သူ ဆယ်ဦးကို နာမည်အပါအဝင် သူတို့လုပ်ကိုင်တဲ့ ကုမ္မဏီ အမည်တွေနဲ့ပါ သတိပေးထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အာဏာသိမ်းခြင်း ခံခဲ့ရတဲ့ ၂၀၂၁ ခုနှစ်ကစပြီး ဝမ်ပေါင် - ယန်ဇီကြေးနီတူးဖော်ရေး လုပ်ငန်းခွင်တွေကနေ ဒေသခံလုပ်သားတွေက CDM သပိတ်မှောက်လာခဲ့တာ ခြောက်နှစ်ရှိပြီ ဖြစ်ပါတယ်။
Photo - ယန်စီကုမ္မဏီ



Comments