top of page
Logo-Icon.png

ဟားခါးမြို့မှာ ဒုရဲမှူးကြိးနဲ့ ရဲတပ်သားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံး

ချင်း၊ ဇူလိုင် ၁၈ ၊ Horizons



ချင်းပြည်နယ်၊  ဟားခါးမြို့မှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရတဖ(၁၄) ရင်းမှူး ဒုရဲမှူးကြီး ဇော်ဇော် အောင် နဲ့ ရဲတပ်သားနှစ်ဦးက  ဝိုင်းဝန်းပစ်ခတ်ခံရလို့ သေဆုံးသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။


ဒီပစ်ခတ်မှုက မနေ့ ဇူလိုင် ၁၇ ရက်နေ့က ဖြစ်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။


စစ်ရေးသတင်းရင်းမြစ်အပြောရ CD ရဲဘော်သုံးဦးက  လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့လို့ ရဲတပ်ရင်းမှူး နဲ့ ရဲတပ်သားတစ်ဦးက နေရာတင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ဇွန် ၉ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က  ဟားခါး - ထန်တလန်လမ်းပိုင်းကို ထိန်းချုပ်ပြီးပြီလို့ ကြေညာထားတာ ဖြစ်ပါတယ်။

Comments


bottom of page