ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်ဒရုန်းကို ပစ်ချခဲ့ဟု အီရန် ပြော
- Horizons News

- 2 hours ago
- 1 min read
ဩဂုတ် ၃၁၊ Horizons


အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ဟော်မုဇ်ရေလက်ကြားတွင် အမေ ရိကန် ဒရုန်းတစ်စီးကို ပစ်ချခဲ့သဖြင့် ပင်လယ်ကွေ့ ရေပြင်အတွင်းသို့ ပျက်ကျသွားခဲ့ကြောင်း တနင်္လာနေ့ တွင် သတင်းထုတ်ပြန်သည်။
IRGC လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့သည် ခရီးဝေး ပျံသန်းနိုင်သော အမေရိကန်၏ MQ-9 Reaper အမျိုးအစား ဒရုန်းအား တနင်္လာနေ့ အစောပိုင်းတွင် ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း IRGC ပြန်ကြားရေးရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ ထုတ်ပြန်ချက်၌ အီရန်ပြည်သူများ၏ မနားတမ်း ပါဝင်ကူညီမှုများသည် တပ်ဖွဲ့ဝင်များ အတွက် အကြီးမားဆုံးသော ပံ့ပိုးမှုဖြစ်ကြောင်း ရေးသားထားသည်။
အမေရိကန်စစ်တပ်သည် တနင်္ဂနွေနေ့က လာရတ်ကျွန်းရှိ အီရန် ဒုံးပျံပစ်စင်နှစ်ခုကို တိုက်ခိုက်ခဲ့ ရာ အဆိုပါဖြစ်စဉ်သည် ဇူလိုင်လနှောင်းပိုင်းနောက်ပိုင်း အီရန်ပိုင်နက်ကို အမေရိကန်က ပထမဆုံးအ ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အရာရှိတစ်ဦးက Axios သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ဒရုန်းများ အသုံးပြု၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပဏာမ သတင်းအ ချက်အလက်များအရ သိရသည်ဟု အီရန် Tasnim သတင်းဌာနက ဖော်ပြသည်။အမေရိကန်၏ အဆိုပါစစ်ဆင်ရေးသည် ဟော်မုဇ်ရေလက်ကြားအတွင်းသို့ ရေမိုင်းများ တင် ဆောင်ထားသည့် ဒုံးပျံများ ပစ်ခတ်ရန် ပြင်ဆင်နေသည့် စနစ်များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အမေရိကန်၏ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်အချို့နှင့် အရပ်သားအချို့ သေဆုံးဒဏ်ရာရရှိခဲ့ ကြောင်း IRGC က ပြောကြားခဲ့ပြီး လက်တုံ့ပြန်မည်ဟု ကတိပြုထားသည်။
News & Photo: Anadolu



Comments