အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ တိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးပါ သုံးဦး ထိခိုက်
- Horizons News

- 4 days ago
- 1 min read
စစ်ကိုင်း၊ ဇူလိုင် ၁၄ ၊ Horizons

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကန်ရင်းရွာကို အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ တိုက်ခိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက Horizons news သတင်းမီဒီယာကို ပြောပါတယ်။
ဒီနေ့နေလယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိဘဲ လာရောက်ပစ်ခတ်သွားတာလို့ သူက ဆက်ပြောပါတယ်။
ဒေသခံတစ်ဦးက “ ထိခိုက်တာက သုံးယောက်ပါ။ အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်” လို့ ပြောပါတယ်။
ထိခိုက်တဲ့အမျိုးသမီးနှစ်ဦးအနက် တစ်ဦးက ကိုယ်ဝန်ဆောင်မိခင်လို့ သိရပါတယ်။
မြန်မာအင်တာနက်ပရောဂျက် - MIP ကတော့ ဒီနှစ် ဧပြီကနေ ဇွန်လအထိ အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှုအကြိမ်ရေ ၅၂၀ အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။







Comments