အင်းတော်မြို့နယ်မှာ စစ်တပ် ဗုံးကြဲလို့ စစ်ရှောင်ပြည်သူတစ်ချို့ ထိခိုက်
- Horizons News

- Jul 11
- 1 min read
စစ်ကိုင်း၊ ဇူလိုင် ၁၁ ၊ Horizons

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပင်သချေရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူတွေ ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက အသိပေးပါတယ်။
မနေ့နေ့လယ်တစ်နာရီခန့်မှာ မဲဇာရွာက အကြမ်းဖက်စစ်တပ်မှ ပင်သချေရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
ဒေသခံရဲ့ဖော်ပြချက်အရ ဘုန်းတော်ကြီးကျောင်းကို ထိမှန်ခဲ့ပြီး စစ်ရှောင်ပြည်သူတွေ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
အခြားဒေသခံတစ်ဦးက “ပင်သချေရွာကို ဒရုန်းနဲ့ကြဲတာက ဟုတ်တယ်။ ပြည်သူတွေတော့ အနည်းငယ် ထိခိုက်တယ်။ အခုလည်း ခေါင်းပေါ်မှာ Y12 ရောက်နေလို့ပုန်းခိုကျင်းထဲ ဝင်နေရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၄ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က မဲဇာကျေးရွာကို ရရှိထားတယ်လို့ အသိပေးထားပါတယ်။











Comments