အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် ဒရုန်း ဗုံးကျလို့ အမျိုးသားနှစ်ဦး သေဆုံး
- Horizons News

- Jul 9
- 1 min read
စစ်ကိုင်း၊ ဇူလိုင် ၉ ၊ Horiozns

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု၊ ကမ်းနီရွာမှာ အကြမ်းဖက်စစ်တပ် ဒရုန်း ဗုံးကြောင့် အရပ်သားနှစ်ဦးက သေဆုံးခဲ့တယ်လို့ Indaw Revolution – IR က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှာ ကမ်းနီရွာ၊ လယ်တောထဲက လယ်လုပ်နေတဲ့အမျိုးသားနှစ်ဦးအနီးကို အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းဗုံးသီးတစ်လုံးက ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် သားအဖနှစ်ဦးဖြစ်တဲ့ ဦးဂျာ(၇၀နှစ်) နဲ့ သားဖြစ်သူ ဦးနေအောင်(၄၀နှစ်) တို့က နေရာမှာတင် သေဆုံးခဲ့ပါတယ်။
အဲဒီနေ့ ညနေမှာလည်း အကြမ်းဖက်စစ်တပ်က အထိနာနေတဲ့အတွက် မော်လူးတောင်ဘက်၊ စီပိန်း ကျေးရွာကို လေယာဉ်နဲ့ ဗုံးသီး အလုံး ၄၀ ကျော်ကို ကြဲချခဲ့တဲ့အတွက် နေအိမ်တစ်ချို့ ပျက်စီးခဲ့ ရပါတယ်။
လက်ရှိအချိန်မှာ အင်းတော် - မော်လူး နဲ့ နဘား - ကသာ လမ်းဆုံတို့မှာ အကြမ်းဖက်စစ်တပ် နဲ့ တော်လှန်ရေးတပ်တွေက တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
Photo – Indaw Revolution -IR
ပုံစာ - အင်းတော်မြို့အနီးတိုက်ပွဲမှာ သေဆုံးနေတဲ့အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်တစ်ဦးနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်



Comments