၂၀၂၆ ခြောက်လတာအတွင်းမှာ အကြမ်းဖက်စစ်တပ်ကြောင့် အမျိုးသမီး ၃၃၂ ဦး သေဆုံး
- Horizons News

- Jul 11
- 1 min read
ချင်းမိုင်၊ ဇူလိုင် ၁၁ ၊ Horizons

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၆ ခုနှစ် ခြောက်လတာအတွင်းမှာ အမျိုး သမီး ၃၃၂ ဦး သေဆုံးခဲ့တယ်လို့ Burmese Women’s Union က မနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Burmese Women’s Union ကတော့ ဒီသေဆုံးသူ ၃၃၂ ဦးက လေကြောင်းတိုက်ခိုက်လို့ ၂၄၂ ဦး၊ မတရား သတ်ဖြတ်လို့ ၄၂ ဦး၊ လက်နက်ကြီးပစ်ခတ်လို့ ၂၉ ဦး၊ မိးရှို့သတ်ဖြတ်လို့ ၉ဦး၊ ကျည်ထိမှန်လို့ ၇ ဦး၊ မြေမြုပ်မိုင်းကြောင့် ၁ ဦး နဲ့ ဆေးကုသမှု မရရှိလို့ ၁ ဦး နဲ့ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်လို့ တစ်ဦးတို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီသေဆုံးမှုတွေမှာ အသက် ၁၈ နှစ်အောက် ၅၈ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀ ဦား နဲ့ မသန်စွမ်း အမျိုးသမီးတစ်ဦးတို့ ပါဝင်တယ်လို့ BWU က အသိပေးပါတယ်။
အလားတူ လေကြောင်းတိုက်ခိုက်လို့ ၂၁၅ ဦး၊ လက်နက်ကြီး ပစ်ခတ်လို့ ၅၀ ဦး၊ မြေမြုပ်မိုင်းကြောင့် ၂၆ ဦး၊ ပဋိပက္ခကာလ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်လို့ ၁၂ ဦး နဲ့ ကျည်ဆန်ထိမှန်လို့ ၃ ဦး စုစုပေါင်း ထိခိုက်သူအမျိုးသမီးအရေအတွက်က ၃၀၆ ဦး ရှိခဲ့ပါတယ်။
သေဆုံးသူတွေက စစ်ကိုင်းတိုင်းမှာ ၁၀၂ ဦး၊ ပဲခူးတိုင်းမှာ ၄၂ ဦး၊ ရခိုင်ပြည်နယ်မှာ ၄၁ ဦး၊ မကွေးတိုင်းမှာ ၂၉ ဦး၊ မန္တလေးတိုင်းမှာ ၂၈ ဦး၊ ကရင်ပြည်နယ်မှာ ၁၇ ဦး၊ ချင်းပြည်နယ်မှာ ၁၆ဦး၊ ကချင်ပြည်နယ်မှာ ၁၅ဦး၊ တနင်္သာရီတိုင်းမှာ ၁၅ဦး၊ မွန်ပြည်နယ်မှာ ၁၁ ဦး၊ ကရင်နီပြည်နယ်မှာ ၉ ဦး နဲ့ ရှမ်းပြည်နယ်မှာ ၂ ဦး ပါဝင်ပါတယ်။
မြန်မာအမျိုးသမီးသမဂ္ဂကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့၊ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေတာကို အဆုံးသတ်ဖို့ နဲ့ ရှင်သန်လွတ်မြောက်လာသူတွေအတွက် တရားမျှတမှု၊ ကုစား မှုများ အာမခံချက် ရဖို့တွက် အာဆီယံ နဲ့ နိုင်ငံတကာအသိုင်းအဝန်းက အားကောင်းပြီး တိကျသေ ချာတဲ့ အကူအညီနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေက မြန်မာပြည်သူတွေအတွက် အရေးတကြီး လိုအပ် တယ်လို့ အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်က အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ပြီး အစိုးရတစ်ရပ်ပုံဖော်နေသလို နိုင်ငံတစ် ဝှမ်း လေကြောင်းတိုက်ခိုက်တာ၊ ပြည်သူလူထုကို အစုအလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ တွင်ကျယ်စွာ လုပ်ဆောင်နေပါတယ်။
ဒီအခြေနေတွေကြောင့် နိုင်ငံတကာအသိုင်းအဝန်းက အကြမ်းဖက်စစ်တပ်ကို တရားဝင်အစိုးရအဖြစ် မသတ်မှတ်ဖို့၊ ငွေကြေးစီးဆင်းမှု ဖြစ်စေတဲ့ ရင်းနှီးမြုပ်နှံမှု၊ ထောက်ပံ့ကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ၊ လက်နက်ခဲယမ်းတွေနဲ့ လေယာဉ်ဆီတွေ မရောက်ရှိဖို့အတွက် တိကျတဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့ မှုတွေ ပြဌာန်းပေးပြီး အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ ဖိအားပေးဖို့ မြန်မာအမျိုးသမီးသမဂ္ဂက တောင်းဆိုထားပါတယ်။
မြန်မာအမျိုးသမီးသမဂ္ဂက အကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေအပေါ် ဖမ်းဆီးဖို့ ထုတ်ပြန်ထားတဲ့ အာဂျင်တီးနားရဲ့ ဖမ်းဝရမ်းကို အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝန်းက ပံ့ပိုးကူညီဖို့ တိုက်တွန်းထားပါတယ်။







Comments