top of page
Logo-Icon.png

Sodium Cyclamateသတ်မှတ်ပမာဏကျော်လွန်သည့် VeVeစတော်ဘယ်ရီနို့ဘူးများ ဈေးကွက်မှပြန်ရုပ်သိမ်းရန် FDAသတိပေး

8 hours ago
1 min read

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ၊ Horizons



သရုပ်ဆောင်ဝတ်မှုန်ရွှေရည်၏ခင်ပွန်းနိုင်ဖြိုးကျော်နှင့် အလှမယ်Universe Myanmarဖြစ်ခဲ့ဖူးသည့်မိုးစက်ဝိုင်တို့နှင့်ဆက်စပ်မှုရှိသည်ဟုဖော်ပြကြသည့် Green Circleကုမ္ပဏီကထုတ်လုပ်သော VeVeအမှတ်တံဆိပ်စတော်ဘယ်ရီအရသာနို့ဘူးများတွင် အစားအသောက်ထပ်ဖြည့်ပစ္စည်းSodium Cyclamateပါဝင်မှု သတ်မှတ်ပမာဏထက်ကျော်လွန်နေသဖြင့် ဈေးကွက်မှပြန်လည်ရုပ်သိမ်းရန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ယမန်နေ့အောက်တိုဘာ(၁၄)ရက်တွင်သတိပေးခဲ့သည်။


FDA၏ထုတ်ပြန်ချက်အရ Ocean Supercenterမှတစ်ဆင့်အစားအသောက်ဘေးကင်းလုံခြုံရေးအတွက် ဓာတ်ခွဲစစ်ဆေးရန်ကောက်ယူခဲ့သည့် VeVeစတော်ဘယ်ရီအရသာနို့နမူနာတွင်Sodium Cyclamateပါဝင်မှု (322.64)ppmရှိကြောင်းတွေ့ရှိခဲ့သည်။


ယင်းပမာဏသည် သတ်မှတ်ထားသည့်အများဆုံးပမာဏ(250)ppmထက်ကျော်လွန်နေခြင်းဖြစ်သည်။


အဆိုပါနို့ဘူးများကိုရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်အခြေစိုက် Green Circleကုမ္ပဏီကထုတ်လုပ်ခြင်းဖြစ်ပြီး ထုတ်ကုန်ပေါ်တွင်သက်တမ်းကုန်ဆုံးရက်ကို(၂၀၂၇)ခုနှစ်၊ဧပြီလ(၃)ရက်ဟုဖော်ပြထားသည်။ဓာတ်ခွဲစစ်ဆေးမှုရလဒ်အပေါ် အခြေခံ၍သက်ဆိုင်ရာထုတ်ကုန်များကို ဈေးကွက်မှပြန်လည်ရုပ်သိမ်းရန် FDAကသတိပေးထားခြင်းဖြစ်သည်။


Sodium Cyclamateသည်အစားအသောက်များတွင် အချိုဓာတ်ပေးရန်အသုံးပြုသည့်ပစ္စည်းတစ်မျိုးဖြစ်ပြီး သတ်မှတ်ထားသောပမာဏထက် ကျော်လွန်ပါကအစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ စံနှုန်းများနှင့်မကိုက်ညီနိုင်ပေ။


စားသုံးသူများအနေဖြင့် FDA၏သတိပေးချက်ကိုလိုက်နာပြီး သက်ဆိုင်ရာထုတ်ကုန်များကိုသတိပြုရှောင်ရှားသင့်သည်။ထုတ်လုပ်သူနှင့်ဖြန့်ဖြူးသူများအနေဖြင့်လည်း အစားအသောက်ဘေးကင်းလုံခြုံရေးစံနှုန်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်နေသည်။


Comments


bottom of page