top of page
Logo-Icon.png

အာရက္ခဒေသရှိ မြို့နယ် ၆ မြို့နယ်ပေါ်တွင် စစ်ကောင်စီ၏ စောင့်ကြည့်ထောက်လှမ်းရေးလေယာဉ်များပျံသန်း

4 hours ago
1 min read

အာရက္ခဒေသ၊ အောက်တိုဘာ ၁၅ ၊ Horizons



အောက်တိုဘာ၁၅ရက်နံနက်ပိုင်းတွင် အာရက္ခဒေသ(ရခိုင်ပြည်နယ်)ရှိ မြို့နယ်၆မြို့နယ်ပေါ်၌ ATR 42 MPA နှင့်Y-12 လေယာဉ်များအပါအဝင် စစ်ကောင်စီ၏လေယာဉ်များကကင်းထောက်ပျံသန်းမှုများပြုလုပ်ခဲ့ကြောင်းဒေသခံများကပြောကြားခဲ့ကြောင်းသိရသည်။


မိတ္ထီလာလေတပ်စခန်းမှပျံတက်လာသည့် ATR 42 MPA လေယာဉ်သည် မြောက်ဦး၊ကျောက်တော်၊ပုဏ္ဏားကျွန်း၊ရသေ့တောင်နှင့်ဝီရဌာနီ (Wira Thani) မြို့နယ်များပေါ်တွင်ပျံသန်းခဲ့ကြောင်းဒေသခံများကဆိုပြီး၊ ထို့အပြင်မကွေးလေတပ်စခန်းမှထွက်ခွာလာသည့်Y-12 လေယာဉ်တစ်စင်းသည်လည်းအဉ္ဇနပူရ (Anjanapura) မြို့နယ်ကိုဖြတ်သန်းပျံသန်းပြီးနောက်ဝီရဌာနီမြို့နယ်ဘက်သို့ ဦးတည်သွားခဲ့ကြောင်းသိရသည်။


ယခုကဲ့သို့စောင့်ကြည့်ထောက်လှမ်းရေးပျံသန်းမှုများကြောင့် လေကြောင်းတိုက်ခိုက်မှုများထပ်မံဖြစ်ပွားလာနိုင်မည်ကိုဒေသခံများက စိုးရိမ်လျက်ရှိကာ၊အာရက္ခတပ်တော် (AA) နှင့်တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်းစစ်ကောင်စီကအရပ်သားများနေထိုင်ရာဒေသများကို လေကြောင်းမှတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များယခင်ကလည်းမကြာခဏရှိခဲ့ဖူးသောကြောင့် ဒေသခံများအနေဖြင့်လေကြောင်းအန္တရာယ်များကို သတိပြုနေထိုင်ကြရန် တိုက်တွန်းထားကြောင်း သိရှိရသည်။


photo- Deepsigh


Comments


bottom of page