top of page
Logo-Icon.png

မြင်းခြံခရိုင်အတွင်းလက်နက်ခဲယမ်းရောင်းဝယ်ဖောက်ကားမှုမပြုလုပ်ရန် တားမြစ်၊ဖောက်ဖျက်ပါကပစ်ခတ်ဖမ်းဆီးပြီးပြင်းထန်စွာအရေးယူမည်ဟုမြင်းခြံခရိုင်စစ်ဌာနသတိပေး

3 hours ago
1 min read

မြင်းခြံ ၊ အောက်တိုဘာ ၁၅ ၊ Horizons



မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်အတွင်းတော်လှန်ရေးတပ်ဖွဲ့များ လက်နက်ခဲယမ်းရောင်းဝယ်ဖောက်ကားခြင်းမပြုလုပ်ရန်တားမြစ်လိုက်ပြီး အမိန့်ဖောက်ဖျက်ပါကပစ်ခတ်ဖမ်းဆီးကာကြီးလေးသောပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်စစ်ဌာနကအောက်တိုဘာ၁၄ ရက်တွင်အမိန့်စာထုတ်ပြန်သတိပေးလိုက်ကြောင်းသိရသည်။


အဆိုပါတားမြစ်ချက်သည်မြင်းခြံခရိုင်အတွင်းလှုပ်ရှားနေသောပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ခံတပ်ရင်း၊တပ်ဖွဲ့များအပြင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များနှင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LPDF) အားလုံးနှင့်အကျုံးဝင်ကြောင်းသိရှိရပြီး၊ခရိုင်အတွင်း လက်နက်ခဲယမ်းဝယ်ယူရောင်းချမှုများကိုအမိန့်စာဖြင့်တရားဝင်တားမြစ်လိုက်ခြင်းဖြစ်ကာလိုက်နာမှုမရှိဘဲဖောက်ဖျက်ပါကပစ်ခတ်ဖမ်းဆီးကာ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဟုအဆိုပါအမိန့်စာတွင်ညွှန်ကြားထားကြောင်းသိရသည်။


Photo-မြင်းခြံခရိုင်စစ်ဌာန



Comments


bottom of page