top of page
Logo-Icon.png

ကစယ်ဒိုမြို့နယ်တွင်လက်နက်ကြီးပစ်ခတ်မှုကြောင့်ခရစ်ယာန်သာသနာပိုင်ခန်းမတစ်လုံးပျက်စီး

9 hours ago
1 min read

မြိတ်ထားဝယ်၊ အောက်တိုဘာ ၁၅ ၊ Horizons



ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊လှဘောကျေးရွာအုပ်စုရှိ တာလေးခို(ဘုရင့်တောင်)ကျေးရွာအတွင်းလက်နက်ကြီးပစ်ခတ်မှုကြောင့်ခရစ်ယာန်သာသနာပိုင်ခန်းမအဆောက်အအုံတစ်လုံးထိခိုက်ပျက်စီးခဲ့ကြောင်းKNU မြိတ်ထားဝယ်ခရိုင်၊ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးကအောက်တိုဘာ ၁၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။



KNU ၏ထုတ်ပြန်ချက်အရအောက်တိုဘာ ၁၄ ရက်တွင်စစ်ကောင်စီ၏ အမတ-၃၀၉တပ်ရင်းမှ၁၂၀ မမလက်နက်ကြီးများဖြင့်အများအပြား ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ယင်းကြောင့်ဘုရင့်တောင်ခရစ်ယာန်သာသနာပိုင် ခန်းမတစ်လုံးပျက်စီးခဲ့ကာ၊ပစ်ခတ်မှုအတွင်းအရပ်သားများထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်းကျေးရွာအတွင်းနေထိုင်သူများသည်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းKNU ကဖော်ပြထားသည်။



ယခင်ကလည်းမြိတ်ထားဝယ်ခရိုင်အတွင်းစစ်ရေးလှုပ်ရှားမှုများနှင့် လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုများကြောင့်အရပ်သားများ ထိခိုက်သေဆုံးခြင်းနှင့်နေရပ်စွန့်ခွာတိမ်းရှောင်ရခြင်းများဖြစ်ပွားခဲ့ကြောင်းသတင်းများတွင်ဖော်ပြထားပြီး ၂၀၂၆ ခုနှစ်အတွင်းထွက်ပေါ်ခဲ့သည့်အစီရင်ခံချက်များတွင်လည်းဒေသအတွင်းစစ်ရေးတင်းမာမှုများနှင့်အရပ်သားများအပေါ် သက်ရောက်မှုများကိုဖော်ပြထားကာ ယခုဖြစ်စဉ်တွင်မူလက်နက်ကြီးပစ်ခတ်မှုကြောင့်ခရစ်ယာန်သာသနာပိုင် ခန်းမတစ်လုံးပျက်စီးခဲ့ပြီးဒေသခံများဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ရကြောင်းKNU ကထုတ်ပြန်ထားသည်။


Photo-KNU - Mergui-Tavoy District



Comments


bottom of page