top of page
Logo-Icon.png

"ကပစ(သို့မဟုတ်)တော်လှန်ရေးတပ်ဖွဲ့များရဲ့ အဓိကလက်နက်ထောက်ပံ့ရေးစက်ရုံ"


နေပြည်တော်က ကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ)ကြီးတွေမှာ နေ့မအား ညမနား လက်နက်တွေ အဆက်မပြတ် ထုတ်နေရတယ်လို့ ဆိုပါတယ်။ လူတွေကတော့ ထင်မှာပေါ့... စစ်တပ်က အင်အားတွေ အရမ်းများလာလို့ လက်နက်တွေတိုးထုတ်နေရတာလားလို့လေ။


ဒါပေမဲ့ မြေပြင်ကအမှန်တရားကတော့ ကာတွန်းထဲက စကားစုလေးအတိုင်းပါပဲ။ အင်အားများလာလို့ ထုတ်နေရတာ မဟုတ်ပါဘူး။စက်ရုံကနေ သေချာထုတ်ပြီး ရှေ့တန်းကို ပို့လိုက်သမျှ လက်နက်ခဲယမ်းတွေ အကုန်လုံးကတော်လှန်ရေးတပ်ဖွဲ့တွေဆီကို "အလှူပေး" သလို အလိုအလျောက် ရောက်ရောက်သွားလို့ပါ။


စခန်းတွေ တစ်ခုပြီးတစ်ခု အသိမ်းခံရ၊ အလံဖြူထောင်ပြီး လက်နက်ချတာတွေ များလာတော့ အဘတို့ရဲ့ ကပစ စက်ရုံကြီးတွေလည်း "PDF ထောက်ပို့ စက်ရုံ" ကြီးတွေအဖြစ် အလိုအလျောက် ပြောင်းလဲသွားပြီဖြစ်ကြောင်းပါခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page