"ပေါ်တာဆွဲတာကို နာမည်လှလှ တပ်ပေးတဲ့ ခေတ်"
- Horizons News

- 7 hours ago
- 1 min read

လမ်းသွားလမ်းလာ လူငယ်တွေကို နေ့ခင်းကြောင်တောင် အတင်းအဓမ္မ ဖမ်းဆီးပြီး လူသားဒိုင်းလုပ်ဖို့ "ပေါ်တာ" ဆွဲနေတာ တစ်ကမ္ဘာလုံး အသိပါ။ဒါပေမဲ့ အရှက်မရှိတဲ့ အဘတို့တပ်ကတော့ သူတို့ရဲ့ ယုတ်မာမှုကို ဖုံးကွယ်ဖို့ အခုလို လူပါးဝဝနဲ့ စကားအလှဆင်ခိုင်းနေပါပြီ။
ကာတွန်းထဲကအတိုင်းပါပဲ။ လူကို သေနတ်ပြ အတင်းဖမ်းသွားပြီးတာတောင် "ပေါ်တာဆွဲတယ်" လို့ အမှန်အတိုင်းမပြောခိုင်းဘဲ၊ "မိသားစု ကျန်းမာရေးကြောင့် ဆေးရုံအရေးပေါ် လိုက်သွားတယ်" လို့ လိမ်ပြောဖို့ ခြိမ်းခြောက်နေတာပါ။
ဒါဟာ ပြုတ်ကျခါနီး အာဏာရူးတွေက ပြည်သူတွေကို ပြောင်ပြောင်တင်းတင်း ဓားပြတိုက် ဖမ်းဆီးရုံတင်မက သူတို့ရဲ့ ရာဇဝတ်မှုတွေကိုပါ ပြည်သူ့ပါးစပ်ကို ပိတ်ပြီး အတင်းအဓမ္မ လိမ်ညာဖုံးကွယ်ခိုင်းနေတဲ့ အယုတ်မာဆုံးလုပ်ရပ်ဖြစ်ကြောင်းပါဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments