"ပေါ်တာ" ကနေ "ပေါ်တင်" ဖြစ်သွားတဲ့ တပ်ပျက်ကြီး
- Horizons News

- 1 day ago
- 1 min read

အရင်က ပေါ်တာဆွဲတယ်ဆိုတာ ညအမှောင်ထဲမှာ ခိုးကြောင်ခိုးဝှက် လုပ်ရဲကြတာပါ။ အခုခေတ် အဘတို့ရဲ့ တပ်ပျက်ကြီးကတော့ ရှေ့တန်းမှာ အသေအပျောက်များပြီး လူကုန်နေလို့ အရှက်အကြောက်ဆိုတာ လုံးဝ မရှိတော့ပါဘူး။
ကာတွန်းထဲက စကားအတိုင်းပါပဲ။ လူမမြင်ကွယ်ရာမှာ လိုက်ဖမ်းနေတာ မဟုတ်တော့ဘဲ နေ့ခင်းကြောင်တောင် လူစည်ကားတဲ့ ကားမှတ်တိုင်တွေ၊ ဈေးတွေ၊ လမ်းမတွေပေါ်မှာတင် သေနတ်ပြပြီး "ပေါ်တင်" အတင်းအဓမ္မ လိုက်ဆွဲနေကြတာပါ။
ဒါဟာ တိုင်းပြည်ကာကွယ်ဖို့ မဟုတ်ဘဲ ပြုတ်ကျခါနီး အာဏာရူးတွေက သူတို့အသက်ဆက်ဖို့အတွက် ပြည်သူတွေကို လူသားဒိုင်းအဖြစ် နေ့ခင်းကြောင်တောင် ဓားပြတိုက် လုယက်နေကြောင်း အထိမိဆုံး သရော်ထားတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments