top of page
Logo-Icon.png

အဘတို့ရဲ့ ခေတ်သစ်"သမဝါယမ"


ကုန်ဈေးနှုန်းတွေ တက်၊ စီးပွားရေးစောက်ထိုးကျနေချိန်မှာ မဆလခေတ်က "သမဝါယမ" စနစ်ကြီးကို ပြန်အသက်သွင်းမယ်လို့ အဘတို့က လေလုံးထွားလာပြန်ပါတယ်။


ဒါပေမဲ့ လက်တွေ့မြေပြင်မှာ သူတို့လုပ်နေတဲ့ "သမဝါယမ" ဆိုတာ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေဖို့ ဈေးသက်သာသာနဲ့ရောင်းပေးဖို့ မဟုတ်ပါဘူး။ ကာတွန်းထဲက စကားအတိုင်းပါပဲ၊ ပြည်သူလူထုကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး အခွန်ညှစ်၊ ပေါ်တာဆွဲ၊ မီးရှို့ဗုံးကြဲပြီး အသေအလဲ "သမ" ဖို့အတွက်ပဲ နေ့မအား ညမနား "ဝါယမ" စိုက်ပြီး အားထုတ်နေကြတာပါ။


တိုင်းပြည်ကောင်းဖို့ ဘာမှမလုပ်တတ်တဲ့အာဏာရူးတွေဟာ ပြည်သူကိုဒုက္ခပေးဖို့ဆိုရင်တော့ နည်းလမ်းအသစ်တွေရှာပြီး အစွမ်းကုန် ဝါယမစိုက်နေကြောင်းပါခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page