top of page
Logo-Icon.png

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း ZRA စခန်းကို သိမ်းပိုက်ခဲ့ကြောင်း CDF-TonZang တပ်ဖွဲ့က အထောက်အထားများနှင့်တကွ ထုတ်ပြန်ပြသ

တွန်းဇံ ၊ ဩဂုတ် ၃၀ ၊ Horizons



ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိနက်ဇံ (NakZang) ကျေးရွာတွင် တည်ရှိသော ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA) ၏ စခန်းတစ်ခုကို CDF-TonZang တပ်ဖွဲ့က အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်းတရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။



သို့သော်အဆိုပါစခန်းသိမ်းပိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ZRA ဘက်နှင့် ဆက်စပ်နေသည့်လူမှုကွန်ရက်စာမျက်နှာများနှင့်ထောက်ခံသူများဘက်က စခန်း လုံးဝ ကျဆုံးခြင်း မရှိခဲ့ဘဲအဝေးမှသာလှမ်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်သည်ဟုငြင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။


ယင်းကဲ့သို့ ငြင်းဆိုမှုများထွက်ပေါ်လာခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် CDF-TonZang တပ်ဖွဲ့က နက်ဇံကျေးရွာရှိ ZRA စခန်းအတွင်းမှသိမ်းဆည်းရမိခဲ့ကြသည့် စစ်လက်နက်ပစ္စည်းများနှင့်အသုံးအဆောင် ပစ္စည်းများကိုပြီးခဲ့သည့် ဩဂုတ်လ (၂၉ ရက်) နေ့က ဓာတ်ပုံမှတ်တမ်းများနှင့်တကွထပ်မံထုတ်ပြန်ပြသခဲ့သည်။


CDF-TonZang ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားချက်အရ ယခုထုတ်ပြန်သောပစ္စည်းများသည် တိုက်ပွဲအတွင်း စခန်းအတွင်းပိုင်းအထိဝင်ရောက်ရှင်းလင်းစဉ် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းသိမ်းပိုက်မှုကို မမှန်မကန်ငြင်းဆိုနေကြသည့်သတင်းများကိုချေပရန်နှင့် အမှန်တရားကို ဖော်ပြရန် ရည်ရွယ်၍ ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်းသိရှိရသည်။


(Photo - CDF Tonzang Supporters Group)


Comments


bottom of page