top of page
Logo-Icon.png

စစ်ကောင်စီက ပေါက်တော (ဝီရဌာနီ) မြို့၊ ရပ်ကွက် (၂) ကို Y-12 လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

7 hours ago
1 min read

အာရက္ခပြည်နယ်၊ အောက်တိုဘာ ၁၅ ၊ Horizons



အောက်တိုဘာ၁၅ ရက်၊နေ့လယ် ၁၂:၃၀ နာရီခန့်တွင်အာရက္ခပြည်နယ်၊ ပေါက်တော(ဝီရဌာနီ) မြို့၊ရပ်ကွက်(၂)ကိုစစ်ကောင်စီကY-12 လေယာဉ်တစ်စင်းအသုံးပြု၍ ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်များကပြောကြားခဲ့ကြောင်းသိရသည်။


အဆိုပါဒေသဝန်းကျင်တွင်တိုက်လေယာဉ်များဆက်လက်ပျံသန်းနေသဖြင့်ဒေသခံများမှာစိုးရိမ်ထိတ်လန့်လျက်ရှိကြပြီးထိခိုက်ကျဆုံးမှုများနှင့်ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမူအတည်မပြုနိုင်သေးကြောင်းသိရသည်။


ထို့အပြင်အောက်တိုဘာ ၁၅ရက်နေ့မှာပင်မဲအီမြို့အနီးရှိလုံးတော်ပေါက်ရွာကိုလည်းစစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ခဲ့ရာတံတားတစ်စင်းအနီးရှိလျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင်တစ်ခုပျက်စီးသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရသည်။


Comments


bottom of page