top of page
Logo-Icon.png

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရေးချောင်းဖျားဒေသကိုစစ်ကော်မရှင် လေယာဉ်ဖြင့်ထပ်မံဗုံးကြဲ

8 hours ago
1 min read

ရေး၊အောက်တိုဘာ ၁၅ ၊ Horizons



ရေးမြို့နယ်၊ရေးချောင်းဖျားဒေသသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကော်မရှင်ကအောက်တိုဘာ၁၄ ရက်ညသန်းခေါင်အချိန်တွင်လေယာဉ်ဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။


စစ်ကော်မရှင်ကရေးချောင်းဖျားဒေသ၊ကင်းမွန်းကျေးရွာနှင့်ဒယ်ပြားကျေးရွာအကြားကိုလေယာဉ်ဖြင့်ပေါင် ၅၀၀ဗုံးသီးနှစ်လုံး ကြဲချခဲ့သည်ဟုကနဦးသိရပြီး၊ အဆိုပါတိုက်ခိုက်မှုကြောင့်လူထိခိုက်သေဆုံးမှု မရှိသော်လည်းဥယျာဉ်ခြံအချို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။ရေးချောင်းဖျားဒေသအတွင်းစစ်ကော်မရှင်တပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်တို့အကြားတိုက်ပွဲဖြစ်ပွားမှု၊စစ်ကြောင်းထိုးမှုမရှိသော်လည်း လေယာဉ်ဖြင့်အကြောင်းမဲ့ရမ်းသမ်းတိုက်ခိုက်နေကြောင်းတော်လှန်ရေးသတင်းအရင်းအမြစ်များကပြောဆိုကာ၊ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်းရေးချောင်းဖျားဒေသကိုစစ်ကော်မရှင်ကလေယာဉ်ဖြင့်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးလူထိခိုက်သေဆုံးမှုလည်းအများအပြားရှိခဲ့ပြီးနောက်ထိုအချိန်မှစတင်ပြီးလေကြောင်းအသုံးပြုတိုက်ခိုက်မှုကို ရပ်တန့်ခဲ့ရာမှယခုပြန်လည်စတင်လာခဲ့ခြင်းဖြစ်ကြောင်းတော်လှန်ရေးတပ်ဖွဲ့များကဆိုသည်။



စစ်တပ်အာဏာသိမ်းထားသည့်၂၀၂၄ ခုနှစ်၊ဇန်နဝါရီမှ ယခု ၂၀၂၆ ခုနှစ်၊ဇူလိုင်လအထိစစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၂,၄၄၉) ကြိမ်ကျူးလွန်ခဲ့ရာတွင်အရပ်သားပစ်မှတ်ထားခံရမှု (၇၀) ရာခိုင်နှုန်းနီးပါး ပါဝင်ကြောင်းနိုင်ငံတကာမြန်မာသတင်း-BNI ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စောင့်ကြည့်ရေးအဖွဲ့ MPM ၏မှတ်တမ်းများတွင်လည်းဖော်ပြထားသည်။



Comments


bottom of page