တပ်ပျက်ကြီးရဲ့ "ဟန်"လေးဟန်
- Horizons News

- 1 day ago
- 1 min read

နေပြည်တော်က စစ်ရေးပြကွင်းတွေ၊ ရုပ်မြင်သံကြား သတင်းတွေထဲမှာ ကြည့်လိုက်ရင် အဘတို့ရဲ့ တပ်ကြီးက တကယ့်ကို အင်မတန် အထင်ကြီးစရာ "ဟန်" တစ်ခွဲသားနဲ့ပါ။ကာတွန်းထဲက စစ်သားကြီးလိုပဲ လက်ကလေး နောက်ပစ်၊ ခေါင်းလေးမော့ပြီး သူတို့ကိုယ်သူတို့ ကမ္ဘာ့အဆင့်မီကြီးတွေလို စိတ်ကူးယဉ် အိပ်မက်တွေမက်နေလိုက်ကြတာ။
သူတို့ရဲ့ နေ့စဉ်ရှင်သန်နေတဲ့လုပ်ငန်းစဉ်တွေကလည်း အကုန်လုံး "ဟန်" တွေချည်းပါပဲ။
"ဟန်ရေးပြပြီး ချီတက်မယ်" - လူမြင်ကွင်းနဲ့ ကင်မရာရှေ့မှာဆိုရင် ရင်ကော့ခေါင်းမော့၊ ခြေကားယား လက်ကားယားနဲ့ အသေအလဲ လေလုံးထွားပြတယ်။
"ဟန်မပျက် နေမယ်" - မြေပြင်မှာ စခန်းတွေ တစ်ခုပြီးတစ်ခု ပြုတ်ကျ၊ တပ်မှူးတွေ အရှင်လတ်လတ် အဖမ်းခံနေရတာတောင် "နည်းဗျူဟာအရ အသာစီးယူ ဆုတ်ခွာတာပါ" ဆိုပြီး ခပ်တည်တည်နဲ့ ဟန်မပျက် ဆက်လိမ်တယ်။
"ဟန်ပြတိုက်မယ်" - တကယ်တမ်း မြေပြင်မှာ မျက်နှာချင်းဆိုင် မရင်ဆိုင်ရဲတော့ အဝေးကနေ လက်နက်ကြီးတွေနဲ့ ရမ်းပစ်၊ ပြည်သူတွေရှိတဲ့ နေရာကို လေယာဉ်နဲ့ ဗုံးကြဲပြီး ဟန်ပြ စစ်တိုက်ကြတယ်။ပြီးရင်တော့
“ဟန်မဆောင်စတမ်း ပြေးမယ်" သေနတ်တွေပစ်ချ၊ ယူနီဖောင်းတွေချွတ်ပြီး ကိုယ့်အသက် ကိုယ်လုကာ အလံဖြူထောင်ပြေးကြပါတော့တယ်။
အပြင်ပန်းမှာသာ "ဟန်" တွေ ပလူပျံနေပြီး တကယ်တမ်းအကျပ်အတည်းနဲ့တွေ့တဲ့အခါ ဟန်မဆောင်နိုင်ဘဲ အမြီးကုပ်ပြေးတတ်တဲ့ စက္ကူကျား တပ်ပျက်ကြီးရဲ့အဖြစ်မှန်ကို တပ်ပျက်ကြီးရဲ့“ဟန်”လေးဟန် လို့သာ ခေါ်လိုက်ချင်ပါတော့တယ်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments