တရုတ်ငါးဖမ်းလှေကို ရေအမြောက်ဖြင့် မောင်းထုတ်ခဲ့သည့်ဖြစ်စဉ် ထိုင်ဝမ် တာဝန်ယူရမည်ဟု တရုတ် သတိပေး
အောက်တိုဘာ ၁၄၊ Horizons

တောင်တရုတ်ပင်လယ်၊ သန္တာကျွန်းအနီးတွင် တရုတ်ငါးဖမ်းလှေတစ်စီးကို ထိုင်ဝမ်ကမ်းခြေ စောင့်တပ်က ရေအမြှောက်အသုံးပြု၍ မောင်းထုတ်ခဲ့သည့်ဖြစ်ရပ်နှင့် ပတ်သက်၍ အကျိုးဆက်များကို ထိုင်ဝမ်က တာဝန်ယူရမည်ဟု တရုတ်အစိုးရက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ထိုင်ဝမ် ထိန်းချုပ်ထားသည့် ပရာတပ်စ်ကျွန်းစုအနီးရှိ ကန့်သတ်ရေပြင်မှ ထွက်ခွာရန် သတိပေး ချက်များကို လိုက်နာခြင်းမရှိသည့်အတွက် တရုတ်ငါးဖမ်းလှေကို ရေအမြှောက်ဖြင့် ပစ်ခတ်ပြီး မောင်း ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်က သတင်းထုတ်ပြန်သည်။အဆိုပါ တရုတ်ငါးဖမ်းလှေမှာ အင်ဂျင်ချို့ယွင်းသွားခဲ့ပြီး အနီးအနားရှိ တရုတ်သင်္ဘောတစ်စီးက ဆွဲယူသွားခဲ့ကြောင်း ထိုင်ဝမ်အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ပရာတပ်စ်ကျွန်းစုနှင့် ပတ်ဝန်းကျင်ရေပြင်အပေါ် တရုတ်နိုင်ငံတွင် အချုပ်အခြာအာဏာ ပိုင်ဆိုင် မှုရှိကြောင်း တရုတ် ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ချန်းဘင်းဟွာက ပြောဆိုခဲ့သည်။
သက်ဆိုင်ရာ ရေပြင်အတွင်း သွားလာလှုပ်ရှားနေသည့် တရုတ်ပြည်မကြီးမှ သင်္ဘောများသည် တ ရားဝင်ပြီး ရိုးသားမှန်ကန်စွာ လုပ်ကိုင်နေခြင်းဖြစ်ကာ မိမိတို့ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်သွားမည်ဟု ၎င်းက ဆိုသည်။

ထိုင်ဝမ်က တရုတ်ပြည်မကြီး သင်္ဘောများအပေါ် အန္တရာယ်ရှိသော နည်းလမ်းများဖြင့် ကြမ်းတမ်း စွာ ပြုမူဆောင်ရွက်ခြင်းသည် ထိပ်တိုက်ရင်ဆိုင်မှုကို မီးမွှေးပေးခြင်းဖြစ်ပြီး အကျိုးဆက်အားလုံးကို ထိုင် ဝမ်က ခံစားရမည်ဟု ချန်းဘင်းဟွာက သတိပေးခဲ့သည်။
ထိုင်ဝမ် အရာရှိတစ်ဦးကမူ ကမ်းခြေစောင့်တပ်အနေဖြင့် ပုံမှန် ဥပဒေစိုးမိုးရေး လုပ်ငန်းများကို သ တိထား၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ပရာတပ်စ်ကျွန်းစုသည် ထိုင်ဝမ်တောင်ပိုင်းနှင့် ဟောင်ကောင်ကြားတွင် တည်ရှိပြီး ထိုင်ဝမ်ကျွန်း မကြီးမှ ကီလိုမီတာ ၄၀၀ ကျော် ကွာဝေးသဖြင့် တရုတ်၏ တိုက်ခိုက်မှုဒဏ်ကို ခံရလွယ်သည့် နေရာတစ်ခု အဖြစ် လုံခြုံရေး ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ထိုင်ဝမ်ကို တရုတ်က ၎င်း၏ နယ်မြေအဖြစ် အခိုင်အမာ တောင်းဆိုထားပြီး လွန်ခဲ့သည့် ၅ နှစ်အ တွင်း ကျွန်းပတ်ဝန်းကျင်၌ စစ်ရေးအရ ဖိအားပေးမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
ထိုင်ဝမ်ကမူ တရုတ်နိုင်ငံသည် တိုက်ရိုက် စစ်ရေးအရ အရေးယူမှု မဟုတ်သည့် "မီးခိုးရောင်ဇုန်" စစ်ဆင်ရေး နည်းဗျူဟာများကို အသုံးပြု၍ ဖိအားပေးမှုများ တိုးမြှင့်နေသည်ဟု စွပ်စွဲထားသည်။အောက်တိုဘာ ၁၄ ရက်တွင် တရုတ်ဂျက်တိုက်လေယာဉ်များ အပါအဝင် လေယာဉ် ၁၃ စင်းနှင့် ရေတပ်သင်္ဘောများ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ပရာတပ်စ်ကျွန်းစု၌ အမြဲတမ်း နေထိုင်သည့် အရပ်သား ပြည်သူများ မရှိဘဲ အမျိုးသားဥယျာဉ်အ ဖြစ် သတ်မှတ်ထားကာ လုံခြုံရေးလုပ်ငန်းများကို ထိုင်ဝမ် ကမ်းခြေစောင့်တပ်က တာဝန်ယူထားသည်။
News & Photo: Reuters




Comments