top of page
Logo-Icon.png

ယူကရိန်းစစ်တပ်၏ Starlink အင်တာနက် အသုံးပြုမှုကို ကန့်သတ်ခြင်းအတွက် ဒေါ်နယ်ထရမ့်ကို အီလွန်မတ်စ် အပြစ်ဖို့ 

6 hours ago
1 min read

အောက်တိုဘာ ၁၅၊ Horizons

 


ယူကရိန်းစစ်တပ်၏ Starlink အင်တာနက် အသုံးပြုမှု အမြန်နှုန်းကို အမေရိကန်အစိုးရမှ ကန့်သတ်ခဲ့ခြင်းမှာ သမ္မတ ဒေါ်နယ်ထရမ့်ကြောင့် ဖြစ်ကြောင်း နည်းပညာလုပ်ငန်းရှင် အီလွန်မတ်စ်က ပြောကြားခဲ့သည်။

 

ရုရှား၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် အဝေးပစ် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများကို ရပ်တန့်ရန် ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့ပြီးနောက် ယူကရိန်းက အသုံးပြုနေသည့် Starlink အင်တာနက် ဝန်ဆောင်မှု ကန့်သတ်ခံခဲ့ရခြင်း ဖြစ်သည်။


အီလွန်မတ်စ်ပိုင်ဆိုင်သော SpaceX ကုမ္ပဏီမှ ထောက်ပံ့ပေးနေသည့် Starlink ဝန်ဆောင်မှုသည် ရုရှားနှင့် စစ်ပွဲတွင် ယူကရိန်းအစိုးရနှင့် စစ်တပ်အတွက် အဓိက ဆက်သွယ်ရေးကွန်ရက်တစ်ခု ဖြစ်သည်။

 


ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုဆလော ဆီကော်စကီသည် ဗုဒ္ဓဟူးနေ့က အီလွန်မတ်စ်ကို နိုင်ငံရေးကစားနေသည်ဟု စွပ်စွဲခဲ့သော်လည်း SpaceX ကုမ္ပဏီကမူ ၎င်းတွင် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့သည်။

 

“Starshield စနစ်များကို အမေရိကန်အစိုးရက ပိုင်ဆိုင်ပြီး ထိန်းချုပ်ထားပါတယ်။ အမြန်နှုန်း သို့မဟုတ် အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက် မှန်သမျှကို အမေရိကန်စစ်တပ်နဲ့ သမ္မတကသာ ဆုံးဖြတ်တာ ဖြစ်ပါတယ်” ဟု အီလွန်မတ်စ်က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

 


Starlink သည် SpaceX ပိုင်ဆိုင်သည့် လုပ်ငန်းသုံး ဝန်ဆောင်မှုတစ်ခုသာဖြစ်ပြီး အရပ်ဘက် သို့မဟုတ် ခုခံကာကွယ်ရေး လုပ်ငန်းများအတွက်သာ အသုံးပြုရန် ကန့်သတ်ထားကာ စစ်ရေးအရ ထိုးစစ်ဆင်မှုများအတွက် အသုံးမပြုနိုင်ကြောင်း ၎င်းက ရှင်းပြသည်။


ယူကရိန်း မူဝါဒများကို မည်မျှပင် သဘောမတူစေကာမူ Starlink တာဝါတိုင်များကို ဘယ်သောအခါမှ ပိတ်မည်မဟုတ်ကြောင်း သူက ဆိုသည်။ Starlink အင်တာနက် ဝန်ဆောင်မှုများ ပိတ်ပင်ကန့်သတ်ခံရခြင်းကြောင့် လူအများ အသေအပျောက် ရှိလာနိုင်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက သတိပေးခဲ့သည်။

 

အမေရိကန် အစိုးရအဖွဲ့သည် Starlink ကန့်သတ်ချက်များနှင့် ပတ်သက်၍ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက Axios သတင်းဌာနသို့ ပြောကြားခဲ့သည်။ နှစ်နိုင်ငံကြားစွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ရှိနေသည်ဟု ဆိုထားသော်လည်း ယူကရိန်းသည် ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

 

ရုရှား၏ ထောက်ပံ့ရေး လမ်းကြောင်းများကို အဓိက နှောင့်ယှက်နေသည့် အဝေးပစ် ဒုံးကျည်တိုက်ခိုက်မှုများကို လမ်းညွှန်ပေးရာတွင် အရေးပါသော ယူကရိန်း၏ Starlink စာရင်းသွင်းခကို ပိုလန်နိုင်ငံက ပေးချေနေကြောင်း သိရသည်။ ရုရှားအပေါ် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးပြီး ကမ္ဘာလုံးဆိုင်ရာ ဒီဇယ်ဆီတင်ပို့မှုကို ခွင့်ပြုပေးရန် ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကြောင့် အဆိုပါ ကန့်သတ်ချက်များ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

 

News & Photo: The Independent

 


Comments


bottom of page