top of page
Logo-Icon.png

အင်ဒိုနီးရှား မီးခိုးမြူများကြောင့် တီမောလက်စ်တေနိုင်ငံရှိ ကျောင်းများ ပိတ်ထားရ

7 hours ago
1 min read

အောက်တိုဘာ ၁၅၊ Horizons



အင်ဒိုနီးရှားနိုင်ငံ၌ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများမှ မီးခိုးမြူများကြောင့် တီမောလက်စ်တေနိုင်ငံသည် အောက်တိုဘာ ၁၅ ရက်မှစ၍ စာသင်ကျောင်းများကို သုံးရက်ကြာပိတ်ထားခဲ့သည်။မြို့တော် ဒီလီတွင် မိုးကောင်းကင်မှာ အဝါရောင်သန်းနေပြီး ပြည်သူအများစုမှာ သက်ဆိုင်ရာ၏ အသိပေးချက်အတိုင်း နှာခေါင်းစည်းများတပ်ဆင်ကာသွားလာလှုပ်ရှားနေကြသည်။



စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း လေထုညစ်ညမ်းမှုမှာ ပိုမိုဆိုးရွားလာခဲ့သဖြင့်ကျောင်းများ ပိတ်ထားသည့် အစိုးရ၏ဆုံးဖြတ်ချက်ကို ပြည်သူများက ကြိုဆိုခဲ့ကြသည်။အင်ဒိုနီးရှားနိုင်ငံတွင် နွေရာသီကာလများ၌ တောမီးလောင်ကျွမ်းလေ့ရှိသော်လည်း ယခုနှစ်တွင် အယ်လ်နီညို ရာသီဥတုကြောင့် မိုးခေါင်ရေရှားမှုနှင့်အတူ မီးလောင်ကျွမ်းမှုများ ပိုမိုပြင်းထန်ခဲ့သည်။


အဆိုပါတောမီးများသည် ဆူမားတြား၊ ဘော်နီယိုနှင့် ပါပူးဝါဒေသများရှိ သစ်တောများနှင့် စိုက်ပျိုးမြေ ဧက အမြောက်အမြားကိုလောင်ကျွမ်းဖျက်ဆီးခဲ့သည်။ယင်းဖြစ်စဉ်ကြောင့် အင်ဒိုနီးရှား နိုင်ငံအတွင်း၌သာမက မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် တီမောလက်စ်တေ နိုင်ငံတို့တွင်ပါ လေထုညစ်ညမ်းမှုများရှိလာခဲ့သည်။



လေထုအရည်အသွေးဆိုးရွားနေသည့် အခြေအနေများကြောင့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ၏ ကျန်းမာရေးကို ကာကွယ်ရန် ကျောင်းများပိတ်ထားရခြင်းဖြစ်ကြောင်း တီမောလက်စ်တေအစိုးရက ထုတ်ပြန်ခဲ့သည်။ကလေးများကို အိမ်တွင်း၌သာထားရှိကြရန်နှင့် အပြင်ထွက်ပါက နှာခေါင်းစည်းများတပ်ဆင်ကြရန်လည်း မိသားစုများကို တိုက်တွန်းထားသည်။လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားနေသော်လည်း ကျောင်းသားများမှာ စာမေးပွဲနီးကပ်နေသည့်အတွက် အိမ်တွင်ပင် စာပေများကို ဆက်လက် လေ့လာနေကြသည်။


မြို့တော်ဒီလီနှင့်ပတ်ဝန်းကျင် တောင်တန်းတစ်ခုလုံးကို မီးခိုးမြူများ ဖုံးလွှမ်းထားသကဲ့သို့ဖြစ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။လေထုညစ်ညမ်းမှုသည် ပြည်သူများ၏ကျန်းမာရေးကို များစွာထိခိုက်စေနိုင်သည့်အတွက် လာမည့်ရက်များအတွင်းအခြေအနေများ ပြန်လည်ကောင်းမွန်လာရန်မျှော်လင့်နေကြသည်။


News & Photo: AFP


Comments


bottom of page