ဒေါ်နယ်ထရမ့်၏ စွမ်းအင်ဆိုင်ရာ အပစ်ရပ်စဲရေးကို ရုရှား လျစ်လျူရှုဟု ဇီလန်စကီး ပြော
အောက်တိုဘာ ၁၄၊ Horizons

ရုရှားတပ်ဖွဲ့သည် အင်္ဂါနေ့တွင် ယူကရိန်းမြို့တော် ကိယက်ဗ်အား တိုက်ချင်းပစ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ လူနေအဆောက်အအုံတစ်ခု ပျက်စီးကာ လူနှစ်ဦး သေဆုံးခဲ့ပြီး အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့် ကြေညာခဲ့သည့် စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ရုရှားက လျစ်လျူရှုထားကြောင်း ယူ ကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲလိုက်သည်။
၂၄ နာရီအတွင်း မြို့တော် ကိယက်ဗ်အား ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး မဟာမိတ် အနောက်နိုင်ငံများထံမှ ကြိုတင်သတိပေးချက်များ ရရှိခဲ့ခြင်းမရှိကြောင်း သူက ဆိုသည်။ဒေါ်နယ်ထရမ့် ပြောဆိုထားသည့် အချက်များကို ရုရှားက လိုက်နာရန် တာဝန်ရှိသည်ဟု မယူဆ ကြောင်း အချက်အလက်များက ပြသနေသည်ဟု Telegram လူမှုကွန်ရက်ပေါ်တွင် ၎င်းက ရေးသားခဲ့သည်။
ယူကရိန်းအနေဖြင့် ဒုံးကျည်ပစ်ခတ်မှုများနှင့် ပတ်သက်၍ ကြိုတင်သတိပေးချက်များ မရရှိဘဲ ရု ရှားက စွမ်းအင် အခြေခံအဆောက်အအုံများကို ဖျက်ဆီးနေခြင်းမှာ တရားမျှတမှုမရှိကြောင်း ဇီလန်စကီး က ဆက်ပြောသည်။ကိယက်ဗ် မြို့တော်ဝန် ဗီတာလီကလစ်ချ်ကို၏ ပြောကြားချက်အရ ဒုံးကျည်သည် ကိုးထပ်မြင့် လူ နေအဆောက်အအုံတစ်ခုကို ထိမှန်ခဲ့သဖြင့် လူနှစ်ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသူများအနက် ၁၆ ဦးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ၄ ဦး၏ အခြေအနေမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။အဆောက်အအုံအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သဖြင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ များက နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
ယခု တိုက်ခိုက်မှုတွင် အဓိက ပစ်မှတ်ထားခံရသည်မှာ အမှတ် ၄ ဓါတ်အားပေးစက်ရုံ ပါဝင်သည့် စွမ်းအင် အခြေခံအဆောက်အအုံများဖြစ်သည်ဟု ဇီလန်စကီးက ဆိုသည်။ရုရှား၏ ဒုံးကျည်ပစ်ခတ်မှုများနှင့် ပတ်သက်၍ ယူကရိန်း သတင်းအချက်အလက်များ ရရှိထားသ ဖြင့် စွမ်းအင် အပစ်ရပ်စဲရေး မျှော်လင့်ချက်များအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
အမေရိကန်က ရုရှား ရေနံချက်စက်ရုံများအပေါ် တိုက်ခိုက်မှု ရပ်တန့်ရန် ဖိအားပေးနေသော် လည်း ယူကရိန်းနှင့် သတင်းအချက်အလက် မျှဝေမှုများကို ဆက်လက် လုပ်ဆောင်နေသည်ဟု ဒေါ်နယ် ထရမ့်က ပြောဆိုထားသည်။ရုရှား ရေနံချက်စက်ရုံများကို တိုက်ခိုက်ခြင်း မရပ်ဆိုင်းပါက သတင်းအချက်အလက် မျှဝေမှုနှင့် လက်နက်ရောင်းချမှုများကို ရပ်ဆိုင်းမည်ဟု အမေရိကန် အရာရှိတွေက သတိပေးထားကြောင်း သတင်း များက ဖော်ပြသည်။
ယခု တိုက်ခိုက်မှုများသည် ယူကရိန်း၏ စွမ်းအင် အခြေခံအဆောက်အအုံများ ပစ်မှတ်ထားခံနေရ မှုနှင့် အမေရိကန်၏ ကူညီထောက်ပံ့မှုဆိုင်ရာ မရေရာမှုများကို ပိုမို ပေါ်လွင်စေသည်။
News & Photo: India Today/Reuters




Comments