top of page
Logo-Icon.png

ပင်လယ်နက်အတွင်း သင်္ဘောနှစ်စင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး တစ်စင်း နစ်မြုပ်

2 days ago
1 min read

အောက်တိုဘာ ၁၃၊ Horizons



ပင်လယ်နက်အတွင်း သင်္ဘောနှစ်စင်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောတစ်စင်း နစ်မြုပ်သွား ခဲ့ကြောင်း ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ရူမန်ရာဒက်ဗ် က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။


အဆိုပါဖြစ်စဉ်သည် ဘူလ်ဂေးရီးယားကမ်းလွန် ၂၄ ကီလိုမီတာခန့် အကွာအဝေး၌ ဖြစ်ပွားခဲ့ခြင်း ဟု သိရသည်။တိုက်ခိုက်ခံရသည့် သင်္ဘောများ၏ မူလထွက်ခွာရာ ဒေသနှင့် ကုန်ပစ္စည်း တင်ဆောင်ထားမှု အခြေအနေများကိုမူ ရာဒက်ဗ်က အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပေ။


အဆိုပါဒရုန်းများ မည်သည့်အရပ်မှ လာသည်ဆိုသည့် အချက်ကိုလည်း ၎င်းက ရှင်းလင်းပြော ကြားခဲ့ခြင်း မရှိပါ။



ပင်လယ်နက်အတွင်း ယခုကဲ့သို့ တိုက်ခိုက်မှုမျိုး ဖြစ်ပွားခဲ့သည်မှာ ယခင်ကလည်း ပေါ်ပေါက်ခဲ့ဖူးကြောင်း သိရသည်။


အောက်တိုဘာ ၆ ရက်နေ့က ဘူလ်ဂေးရီးယားကမ်းလွန် ၁၃၀ ကီလိုမီတာခန့်အကွာ၌ ဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်မှုကို လုံးဝ လက်ခံနိုင်ဖွယ်မရှိကြောင်း ရာဒက်ဗ်က ပြောဆိုခဲ့သည်။


အဆိုပါဖြစ်စဉ်တွင် ကုန်သင်္ဘောတစ်စင်း နစ်မြုပ်သွားခဲ့ပြီး အခြားတစ်စင်းမှာ ထိခိုက်ပျက်စီးခဲ့ရ သော်လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်၍ မည်သည့်အဖွဲ့၏ လက်ချက်ဟု ပြောဆိုခဲ့ခြင်းမရှိပါ။


ရိုမေးနီးယားကမ်းလွန်တွင် ဖြစ်ပွားခဲ့သော သေဆုံးမှုရှိသည့် အဖြစ်အပျက်နှင့် ပတ်သက်၍လည်း ရိုမေးနီးယား နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုအဖြစ် ရှုတ်ချခဲ့သည်။



ယူကရိန်းနိုင်ငံမှ ဂျုံများ တင်ဆောင်လာသော တူရကီပိုင် ကုန်သင်္ဘောတစ်စင်းမှာ ရိုမေးနီးယား ကမ်းလွန်၌ မီးလောင်ကျွမ်းခဲ့ပြီးနောက် နစ်မြုပ်သွားခဲ့သည်။


အဆိုပါကုန်သင်္ဘောသည် ရုရှား၏ ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး သင်္ဘောပေါ်ပါ လူနှစ်ဦး သေဆုံးခဲ့ရကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားခဲ့သည်။


ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဖွန်ဒါလိုင်ယန်က အရပ်ဘက် သင်္ဘောများအပေါ် တိုက်ခိုက်မှုကို လုံးဝ လက်မခံနိုင်ကြောင်းနှင့် ပင်လယ်နက်အခြေအနေမှာ ပိုမို စိုးရိမ်ဖွယ် ဖြစ်လာကြောင်း ဝေဖန်ခဲ့သည်။


အဆိုပါဖြစ်စဉ်များသည် ပင်လယ်နက်ဒေသ၌ လုံခြုံရေး ပိုမို အားကောင်းစေရန် ဥရောပသမဂ္ဂက မဟာဗျူဟာ ချမှတ်ဆောင်ရွက်နေသည့်တိုင် ပင်လယ်ရေကြောင်းနှင့် အခြေခံ အဆောက်အအုံများကို ကာကွယ်နိုင်စွမ်းရှိမရှိ စိန်ခေါ်မှုများ မြင့်တက်စေခဲ့သည်။


News & Photo: Euronews



Comments


bottom of page