top of page
Logo-Icon.png

ဘီးလင်းမြို့နယ်၊အလူးကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက် (၁၃)နှစ်အရွယ်ကလေးတစ်ဦးခြေထောက်ဖြတ်ရ

7 hours ago
1 min read

ဘီးလင်း ၊ အောက်တိုဘာ ၁၅ ၊ Horizons



မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊အလူးကြီးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၁၃)နှစ်အရွယ်ယောကျ်ားလေးတစ်ဦးခြေထောက်ဖြတ်လိုက်ရကြောင်း ဒေသခံတစ်ဦးကHorizons Newsသို့ပြောသည်။ ပြီးခဲ့သည့်အောက်တိုဘာလ(၁၃)ရက်တွင်အကြမ်းဖက်စစ်ကောင်စီက မော်လမြိုင်လမ်းမကြီးနှင့်(၃)မိုင်အကွာရှိ အလူးကြီးကျေးရွာကိုဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


“ခြေထောက်ဖြတ်ရတဲ့ကလေးကသေဆုံးသွားတဲ့ နိုင်လင်းအောင်ရဲ့ညီပါ။သူ့အမေလည်းဆုံးသွားတယ်။သူ့အဖေပဲ ကျန်ခဲ့တယ်”ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။


အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၅)ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ(၈)ဦးအနက် မျက်ပြူးအမည်ရ(၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦးမှာ မော်လမြိုင်ဆေးရုံ၌ခြေထောက်ကိုဖြတ်တောက်ပစ်ခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်ကဆက်ပြောသည်။


အကြမ်းဖက်စစ်ကောင်စီက KNUတပ်မဟာ(၁)နယ်မြေကိုလေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်လာနေသောကြောင့် ပြည်သူများအနေဖြင့်လေကြောင်းအန္တရာယ်သတိပြုကြရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်တွန်းထားသည်။


Photo - ပေးပို့



Comments


bottom of page