top of page
Logo-Icon.png

မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်

9 hours ago
1 min read

အောက်တိုဘာ ၁၅၊ Horizons



မြောက်ကိုရီးယားနိုင်ငံသည် အောက်တိုဘာ ၁၄ ရက်တွင် ရေငုပ်သင်္ဘောမှ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်နှစ်မျိုးကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက အောက်တိုဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။


ယင်းစမ်းသပ်မှုများသည် အိမ်နီးချင်း နိုင်ငံများ၏ လုံခြုံရေးအပေါ် လုံးဝ ထိခိုက်မှု မရှိဘဲ ဂျပန်ပင်လယ်အတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။


စက်တင်ဘာ ၂၁ ရက်က စစ်မဲ့ဇုန် (DMZ) အတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် တောင်ကိုရီး ယားတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ပြီးနောက် နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုစမ်းသပ်မှု ပြုလုပ်ခြင်းဖြစ်သည်။



မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ပြီးနောက် နှစ်နိုင်ငံစလုံးသည် အဆင့်မြင့် ဒုံးကျည် နည်းပညာများကို အပြိုင်အဆိုင် စမ်းသပ်လျက်ရှိကြသည်။


ယခုစမ်းသပ်မှုသည် ရေအောက် တိုက်ခိုက်ရေး စနစ်များ၏ လက်ရှိ အဆင်သင့်ဖြစ်မှု အခြေအနေ ကို စစ်ဆေးရန်နှင့် ရေတပ်၏ လေ့ကျင့်ခန်း တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု KCNA က ဆိုသည်။



KCNA က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ဒုံးကျည်တစ်စင်းသည် ပင်လယ်ရေပြင်အောက်မှ ဒေါ င်လိုက် ထိုးထွက်သွားသည်ကို တွေ့ရပြီး အခြားဒုံးကျည်တစ်စင်းမှာ ၄၅ ဒီဂရီဖြင့် ထွက်ရှိသွားသည်ကို တွေ့ရသည်။


ရေငုပ်သင်္ဘောမှ ဒုံးကျည် ပစ်လွှတ်နိုင်သည့် မြောက်ကိုရီးယား၏ စွမ်းဆောင်ရည်သည် နည်းဗျူဟာအရ အရေးပါသော လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ကိုရီးယား ကျွမ်းကျင်သူများက သုံးသပ်ထားသည်။


ဒေါင်လိုက် ပစ်လွှတ်မှုသည် ဒုံးကျည်ကို ပိုမိုမြင့်မားစွာ ပျံတက်စေပြီး ပစ်မှတ်ဆီသို့ မဆင်းမီ ပစ် ခတ်နိုင်သည့် အကွာအဝေးကို တိုးမြှင့်ပေးနိုင်ကာ  ရေဒါ ကာကွယ်ရေးစနစ်များ ထောက်လှမ်းရန် ခက်ခဲစေသည်။ခရုဇ်ဒုံးကျည်များသည် ဂျက်အင်ဂျင်စနစ်ကို အသုံးပြုပြီး ဘာလစ်စတစ်ဒုံးကျည်များထက် ပိုမိုနိမ့်  သော အမြင့်တွင် ပျံသန်းနိုင်သဖြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များအတွက် ကြားဖြတ်ဟန့်တား ရန် ပိုမို ခက်ခဲသည်။


မြောက်ကိုရီးယားသည် အောက်တိုဘာလအတွင်း ဘာလစ်စတစ်ဒုံးကျည် အများအပြားကို စမ်း သပ်ခဲ့ပြီး အောက်တိုဘာ ၁၂ ရက်တွင်လည်း ထပ်မံ ပစ်ခတ်ခဲ့သည်။တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးသည် အသံထက်မြန်သော လက်နက်များကို အပြိုင်အဆိုင် စမ်းသပ် ပစ်ခတ်နေကြသည်။


၁၉၅၃ ခုနှစ်တွင် ကိုရီးယားစစ်ပွဲ ပြီးဆုံးခဲ့သော်လည်း ငြိမ်းချမ်းရေးစာချုပ် ထိုးဆိုနိုင်ခဲ့ခြင်း မရှိဘဲ စစ်ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ စစ်ပွဲကို ရပ်ဆိုင်းခဲ့သဖြင့် နှစ်နိုင်ငံမှာ တရားဝင် စစ်ဖြစ်ပွားနေဆဲ အခြေအနေတွင် ရှိနေသည်။


News & Photo: France 24



Comments


bottom of page