ယင်းမာပင်တွင်စစ်ကောင်စီတပ်ကပြည်သူ့နေအိမ်များကိုမွှေနှောက်ဖျက်ဆီးပြီးနောက်တမာပင်ခွ၌တပ်စွဲကာလည်ငေါက်ရွာဘက်သို့ ပြန်လည်ဝင်ရောက်လာ
ယင်းမာပင်၊ အောက်တိုဘာ ၁၅ ၊ Horizons

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်သည်ပြည်သူ့ပစ္စည်းများကိုမွှေနှောက်ဖျက်ဆီးယူဆောင်ပြီးနောက်တမာပင်ခွကျေးရွာတွင်ယာယီတပ်စွဲကာလည်ငေါက်ကျေးရွာဘက်သို့ပြန်လည်ဦးတည်ဝင်ရောက်လာကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။
ယနေ့အောက်တိုဘာ ၁၅ ရက်နံနက် ၈နာရီခန့်တွင်ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာဘက်မှအနောက်ဘက်သို့ထွက်ခွာလာသည့် စစ်တပ်မော်တော်ယာဉ်တစ်စီးသည်တမာပင်ခွကျေးရွာအတွင်းသို့စတင်ရောက်ရှိလာခဲ့ပြီး၊ထို့နောက်အဆိုပါစစ်ကြောင်းသည်နံနက်ပိုင်းတွင်မင်းကံတိုက်ကျေးရွာအတွင်းသို့ဝင်ရောက်ကာပြည်သူ့နေအိမ်များကိုမွှေနှောက်ရှာဖွေပြီးပစ္စည်းများကိုဖျက်ဆီးယူဆောင်ခဲ့ကာယင်းနောက်နံနက် ၁၁ နာရီ ၂၂ မိနစ်ခန့်တွင်တမာပင်ခွကျေးရွာဘက်သို့ပြန်လည်ဆုတ်ခွာရောက်ရှိလာခဲ့ကြောင်းသိရသည်။
ဆက်လက်၍နံနက်၁၁ နာရီ ၅၅မိနစ်ခန့်တွင်အဆိုပါစစ်ကြောင်းသည် အင်အားနှစ်ဖွဲ့ခွဲကာတမာပင်ခွကျေးရွာအရှေ့ဘက်ထိပ်တွင်တစ်ဖွဲ့၊ ဗောဓိဝေယံကျောင်းတိုက်တွင်တစ်ဖွဲ့ ပုန်းကျင်း/ဝပ်ကျင်းများတူး၍ယာယီအထိုင်ချတပ်စွဲခဲ့ပြီး၊ထိုသို့တမာပင်ခွကျေးရွာတွင်အထိုင်ချထားသည့် စစ်ကောင်စီစစ်ကြောင်းသည်လည်ငေါက်ကျေးရွာဘက်သို့ပြန်လည်ဝင်ရောက်လာနေသဖြင့်ဒေသခံပြည်သူများအနေဖြင့်စစ်ကြောင်းလှုပ်ရှားမှုကိုအထူးသတိထားစောင့်ကြည့်ကြရန်နှင့်ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နေကြရန်ဒေသသတင်းရင်းမြစ်များကတိုက်တွန်းနှိုးဆော်ထားကြောင်းသိရှိရသည်။




Comments