မိုးညိုမြို့နယ်ဒုအုပ်ချုပ်ရေးမှူးသက်နိုင်ဦး ဦးဆောင်၍စစ်မှုထမ်းအစားထိုးလူငယ်အရောင်းအဝယ်လုပ်နေပြီးကျေးရွာများသို့လှည့်လည်ပေါ်တာဆွဲဖမ်းဆီးနေ
မိုးညို ၊ အောက်တိုဘာ ၁၆ ၊ Horizons

ပဲခူးတိုင်းဒေသကြီး၊မိုးညိုမြို့နယ်တွင်ဒုတိယအုပ်ချုပ်ရေးမှူးသက်နိုင်ဦး ဦးဆောင်၍စစ်မှုထမ်းအစားထိုးလူငယ်များကိုငွေကြေးဖြင့် အရောင်းအဝယ်လုပ်နေပြီးလိုအပ်နေသောအစားထိုးလူငယ်များရရှိရေး ကျေးရွာများအတွင်းလှည့်လည်ပေါ်တာဆွဲဖမ်းဆီးမှုများပြုလုပ်နေကြောင်းဒေသပြည်သူများကပြောဆိုကြောင်းသိရသည်။
မိုးညိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှဒုတိယအုပ်ချုပ်ရေးမှူးသက်နိုင်ဦးနှင့် ယာဉ်မောင်းခင်မောင်ဆွေတို့ဦးဆောင်၍ပျူစောထီးများဖြင့်မိုးညိုမြို့နယ်ကျေးရွာအုပ်စုများအတွင်းသို့လိုင်စင်မဲ့ကားများဖြင့်လှည့်လည်ကာစစ်မှုထမ်းအစားထိုးလူငယ်များရရှိရေးဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်နေပြီး၊ကျန်းမာရေးမကောင်းသည့်လူငယ်များအပါအဝင် ကျောင်းသားလူငယ်များကိုပါအတင်းအဓမ္မပေါ်တာဖမ်းဆီးခေါ်ဆောင်ကာရရှိသောလူငယ်များကိုစစ်မှုထမ်းအစားထိုးဈေးကွက်သို့လူငယ်တစ်ဦးလျှင်ငွေကျပ်အနည်းဆုံး၇၅ သိန်းဖြင့်ပြန်လည်ရောင်းချကြကြောင်းသိရသည်။
မိုးညိုမြို့ပေါ်မှလူငယ် ၃ဦးကိုဖမ်းဆီးသွားပြီးငွေကြေးဖြင့်မရွေးနိုင်ကြ၍ စစ်မှုထမ်းအစားထိုးအဖြစ်ပြန်လည်ရောင်းချခံလိုက်ရကြောင်းသိရှိရသည်။
Photo- CJ




Comments