မန်ယူအသင်းတာဝန်ရှိသူကိုဝေဖန်ခဲ့သည့်လီဆန်ဒရိုမာတီနက်ဇ် ပြန်လည်တောင်းပန်
မန်ချက်စတာ၊ အောက်တိုဘာ ၁၆ ၊ Horizons

မန်ချက်စတာယူနိုက်တက်အသင်း၏နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်သည်အသင်း၏ဘောလုံးရေးရာဒါရိုက်တာဂျေဆန် ဝီလ်ကော့စ်ကို နွေရာသီအပြောင်းအရွှေ့ကာလအတွင်းကစားသမားအင်အား လုံလောက်စွာဖြည့်တင်းပေးနိုင်ခြင်းမရှိဟုဝေဖန်ခဲ့ပြီးနောက်ပြန်လည်တောင်းပန်ခဲ့ကြောင်းသိရသည်။
အသက်၂၈ နှစ်အရွယ်အာဂျင်တီးနားနောက်ခံလူသည်အောက်တိုဘာ ၁၃ ရက်ကအက်သလက်တီကိုမက်ဒရစ်အသင်းကိုချန်ပီယံလိဂ်ပွဲတွင် ၂-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက်ဝီလ်ကော့စ်နှင့်အသင်း၏ကစားသမားခေါ်ယူမှုမူဝါဒကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ထို့နောက်ကြာသပတေးနေ့တွင်နည်းပြမိုက်ကယ် ကာရစ်နှင့်အသင်းတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးပြီးနောက်လူမှုကွန်ရက် Instagram မှတစ်ဆင့်တောင်းပန်စာထုတ်ပြန်ကာအသင်း၏ခေါင်းဆောင်ပိုင်းနှင့်တွေ့ဆုံမှုသည်အပြုသဘောဆောင်ခဲ့ပြီးပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ခဲ့ကြောင်းရေးသားခဲ့ကာမိမိအနေဖြင့်ဘောလုံးအပေါ် စိတ်အားထက်သန်ပြီးအလွန်အမင်းခံစားတတ်သူဖြစ်ကြောင်း ရှုံးနိမ့်မှုကြောင့်စိတ်ပျက်မှုကခံစားချက်များကိုဖော်ပြမိစေခဲ့သော်လည်းဖော်ပြခဲ့သည့်အချိန်နဲ့နေရာကသင့်တော်ခဲ့ပုံမရသည့်အတွက် တောင်းပန်ကြောင်းပြောကြားခဲ့ကြောင်းသိရှိရသည်။
အက်သလက်တီကိုကို ရှုံးနိမ့်ပြီးနောက်မာတီနက်ဇ်ကအသင်းအနေဖြင့် ကစားသမားအင်အားပိုမိုဖြည့်တင်းရန်လိုအပ်ကြောင်းနှင့် ဝီလ်ကော့စ်ထံမှပိုမိုမျှော်လင့်ထားကြောင်းပြောကြားခဲ့ပြီး နည်းပြကာရစ်ကိုသာအကြိမ်ကြိမ်ပြောင်းလဲနေခြင်းထက်အသင်း၏အခြားပိုင်းများကိုလည်း ပြန်လည်သုံးသပ်သင့်ကြောင်းထောက်ပြခဲ့သော်လည်း ယခုတောင်းပန်မှုသည်ယခင်ပြောဆိုချက်များမှပြန်လည်လျှော့ပေါ့လာသည့်သဘောသက်ရောက်ကာအသင်းက၎င်းအပေါ်စည်းကမ်းပိုင်းဆိုင်ရာအရေးယူမှုရှိ၊မရှိကို လူသိရှင်ကြားထုတ်ပြန်မည်မဟုတ်သော်လည်းဒဏ်ကြေးပေးဆောင်ရနိုင်ကြောင်းသတင်းတွင်ဖော်ပြထားပြီးဖြစ်သည်။
မန်ယူအသင်းသည်ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင်ပေါင် ၁၅၅ သန်းသုံးစွဲခဲ့ကာကွင်းလယ်ကစားသမားများကိုသာခေါ်ယူခဲ့ပြီးပရီးမီးယားလိဂ်ပွဲစဉ်ခြောက်ပွဲမှရမှတ်ခြောက်မှတ်သာရရှိထားကာ ၁၉၈၆ခုနှစ်နောက်ပိုင်းရာသီအစအတွက်အဆိုးရွားဆုံးရလဒ်ဖြစ်နေပြီးကာရာဘောင်းဖလားပြိုင်ပွဲမှလည်းထွက်ခွာထားရကာလက်ရှိအခြေအနေတွင် နည်းပြကာရစ်အပေါ် ဖိအားများရှိနေဆဲဖြစ်ကြောင်းသိရသည်။
Photo-Guardian




Comments