မဟာမိတ်များအပေါ် တိုက်ခိုက်မှု အောင်မြင်မည်မဟုတ်ဟု ရုရှားကို နေတိုးတပ်မှူး သတိပေး
အောက်တိုဘာ ၁၃၊ Horizons

နေတိုးမဟာမိတ်အဖွဲ့အပေါ် မိုက်မဲစွာ တိုက်ခိုက်လာပါက မည်သည့်အခါမျှ အောင်မြင်လိမ့်မည် မဟုတ်ဟု ဥရောပရှိ နေတိုးတပ်ဖွဲ့များ၏ ထိပ်တန်း အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး အလက်ဇက်ဂရိုင် ကီဝစ်ခ်က သတိပေးလိုက်သည်။
မော်စကိုမှ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် စစ်ဆင်ရေး ခြိမ်းခြောက်မှုများကြောင့် ဥရောပတွင် စိုး ရိမ်မှုများ မြင့်တက်နေချိန်၌ ၎င်းက ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။အနောက်နိုင်ငံများက ယူကရိန်း၏ မဟာမိတ်များကို ပစ်မှတ်ထားသည့် ရုရှား၏ နှောင့်ယှက်ဖျက် ဆီးမှုများကို ရပ်တန့်ရန် မော်စကိုထံ သတင်းစကား ပေးပို့လိုသည်။
“နေတိုးအဖွဲ့ကို မိုက်မဲစွာ တိုက်ခိုက်ရင် ပြန်လည် တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကို ရပ်တန့်စေမှာဖြစ်ပြီး ရုရှားရဲ့ ရည်မှန်းချက်တွေ မအောင်မြင်အောင် ပိတ်ဆို့သွားမှာ ဖြစ်ပါတယ်” ဟု ဂရိုင် ကီဝစ်ခ်က ပြောကြားသည်။
မဟာမိတ်တစ်ဦးအပေါ် မည်သည့် တိုက်ခိုက်မှုမဆို လုံးဝ အကျိုးမဲ့သွားစေရန် ဆောင်ရွက်သွား မည်ဟု ၎င်းက ဆိုသည်။လက်ရှိတွင် ပဋိပက္ခတစ်ခု ဖြစ်ပွားတော့မည့် သို့မဟုတ် ရှောင်လွှဲမရနိုင်သည့် အခြေအနေမျိုး မရှိ ကြောင်းကို ၎င်းက ဆက်ပြောသည်။
ဂျာမနီလေဆိပ်တစ်ခု၌ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသော ဒရုန်းတစ်စင်း တွေ့ရှိခဲ့မှု အပါအဝင် ရုရှား၏ နောက်ကွယ်မှ လှုပ်ရှားမှုများအတွက် ဥရောပတွင် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။မဟာမိတ်များအနေဖြင့် သက်သေ ရရှိသည်နှင့် ရုရှား၏ လုပ်ရပ်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရန် နှင့် မိမိတို့၏ နယ်နိမိတ်မျဉ်းကို မော်စကိုသို့ ရှင်းလင်းစွာ အသိပေးရန် လိုအပ်သည်ဟု သူက ဆိုသည်။
နေတိုးသည် စစ်မှန်သော ကာကွယ်ရေး မဟာမိတ်အဖွဲ့သာဖြစ်ပြီး ရုရှားနိုင်ငံအတွင်းသို့ ကျူး ကျော်ဝင်ရောက်ရန် မည်သည့်အခါမျှ ဆောင်ရွက်မည် မဟုတ်ပေ။ကြီးမားသော တိုက်ခိုက်မှုများ ပေါ်ပေါက်လာပါက နေတိုးအဖွဲ့အနေဖြင့် ရန်သူ့တပ်ဖွဲ့များ ရှေ့ ဆက်မတိုးနိုင်အောင် အပြတ်အသတ် တားဆီးသွားမည်ဖြစ်ကြောင်း ဂရိုင်ကီဝစ်ခ်က ရှင်းပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် အမေရိကန်၏ ကူညီပံ့ပိုးမှုအပေါ် သံသယများ ရှိနေသော်လည်း ဝါရှင်တန်က ဘုံကာကွယ်ရေး ကတိကဝတ်အပေါ် ခိုင်မာစွာ ရပ်တည်နေဆဲ ဖြစ်သည်။
ဥရောပနိုင်ငံများက မိမိတို့၏ ကာကွယ်ရေးအတွက် တာဝန်ယူမှုကို ပိုမိုလုပ်ဆောင်လာခြင်းက မဟာမိတ်အဖွဲ့ကို ယခင်ကထက် ပိုမိုကြံ့ခိုင်လာစေကြောင်း ဂရိုင်ကီဝစ်ခ်က သုံးသပ်သည်။
News & Photo: France 24/AFP




Comments