top of page
Logo-Icon.png

အီရန်စစ်ပွဲ မကြာမီ ပြီးဆုံးကာ ကမ္ဘာ့ရေနံဈေးနှုန်းများ ထိုးကျမည်ဟု ဒေါ်နယ်ထရမ့် ပြော

8 hours ago
1 min read

အောက်တိုဘာ ၁၅၊ Horizons



အီရန်နိုင်ငံနှင့်စစ်ပွဲသည် မကြာမီ ပြီးဆုံးတော့မည်ဖြစ်ပြီး စစ်ပွဲပြီးစီးပါက ကမ္ဘာ့ရေနံဈေးနှုန်းများ အလျင်အမြန် ထိုးကျသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁၄ ရက် ညပိုင်း တွင် ပြောကြားလိုက်သည်။


အီရန်က စစ်ပွဲကို ပြီးဆုံးစေချင်သည့်အတွက် ယခုစစ်ပွဲမှာ မကြာမီ ပြီးဆုံးတော့မည်ဖြစ်ကြောင်း မွန်တာနာပြည်နယ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားသည်။

အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ကို ဘယ်တော့မှ ပိုင်ဆိုင်နိုင်မည် မဟုတ်သလို ရေနံ ဈေးနှုန်းများမှာလည်း အလွန်အမင်း ကျဆင်းသွားမည်ဟု သူက ဆိုသည်။


စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်က ကြိုးပမ်းနေသော်လည်း အီရန် တာဝန်ရှိသူများနှင့် ဆွေး နွေးညှိနှိုင်းနေရသည်ကို မသိရှိရဘဲ မရေမရာ ဖြစ်နေကြောင်း ဒေါ်နယ်ထရမ့်က ဆက်ပြောသည်။အီရန်တွင် ရေတပ်နှင့် လေတပ် မရှိတော့ဘဲ စစ်တပ်မှာလည်း ချေမှုန်းခံထားရကာ ခေါင်းဆောင် များလည်း မရှိတော့ကြောင်း ၎င်းက ဆိုသည်။


မည်သူနှင့် ဆွေးနွေးနေရမှန်း မသိသည့်အတွက် အီရန်ခေါင်းဆောင်အချို့ကို ချန်ထားခဲ့သင့် ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။အီရန်သည် ယခင်က အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးအရ လွှမ်းမိုးထားသည့် နိုင်ငံတစ်ခု ဖြစ်ခဲ့သော်လည်း အမေရိကန်၏ စစ်ဆင်ရေးများကြောင့် အားနည်းသွားခဲ့ပြီဟု သူက ထောက်ပြသည်။


အီရန်သည် အရှေ့အလယ်ပိုင်း၌ အနိုင်ကျင့် ဗိုလ်ကျနေသည့် နိုင်ငံဖြစ်ခဲ့သော်လည်း ယခုအခါ ယခင်ကကဲ့သို့ အင်အားမကြီးမားတော့ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။


အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ ရေတပ်သင်္ဘောအုပ်စုများ ဖျက်ဆီးခံခဲ့ရပြီး စစ် လေယာဉ်များလည်း အသုံးပြု၍ မရတော့ကြောင်း ဒေါ်နယ်ထရမ့်က အခိုင်အမာပြောသည်။အီရန်တွင် သင်္ဘော ၁၅၉ စီးရှိခဲ့သော်လည်း လက်ရှိတွင် ပင်လယ်ရေအောက်သို့ ရောက်ရှိသွားပြီး တစ်စီးမျှ အသုံးပြု၍ မရတော့ကြောင်း ၎င်းက ဆိုသည်။


အီရန်ဂျက်တိုက်လေယာဉ် ၂၇၄ စင်းစလုံးမှာလည်း ပြေးလမ်းများပေါ်တွင် အပိုင်းပိုင်းအစစ ပျက် စီးသွားခဲ့သဖြင့် လက်ရှိတွင် သုံးစွဲနိုင်သည့် လေယာဉ် လုံးဝမရှိတော့ကြောင်း ဒေါ်နယ်ထရမ့်က ပြော သည်။အမေရိကန်၏ ပြင်းထန်သော စစ်ရေးအရ အရေးယူမှုများကြောင့် အီရန်၏ စစ်ဘက်ဆိုင်ရာ စွမ်း ဆောင်ရည်များ ရစရာမရှိအောင် ပျက်စီးသွားခဲ့သည်။


News & Photo: Anadolu Agency



Comments


bottom of page