ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့ဝင် ၁ ဒသမ ၅ သန်းကျော် ဆုံးရှုံးခဲ့ဟု ယူကရိန်း ထုတ်ပြန်
အောက်တိုဘာ ၁၃၊ Horizons

ယူကရိန်းနိုင်ငံအား ရုရှားက ကျူးကျော်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစ၍ ရုရှားတပ် ဖွဲ့ဝင် ၁,၅၅၅,၇၀၀ ဦး ဆုံးရှုံးခဲ့ကြောင်း ယူကရိန်း စစ်ဉီးစီးချုပ်ရုံးက အောက်တိုဘာ ၁၃ ရက်တွင် ထုတ် ပြန်လိုက်သည်။
အဆိုပါ အရေအတွက်တွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့များဘက်မှ ထိခိုက်သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင် ၁,၃၉၀ ဦးလည်း ပါဝင်ကြောင်း သိရသည်။ရုရှားသည် တပ်ဖွဲ့ဝင်များအပြင် တင့်ကား ၁၂,၄၁၂ စီးနှင့် သံချပ်ကာ တိုက်ခိုက်ရေးယာဉ် ၂၅,၅၃၄ စီး ဆုံးရှုံးခဲ့သည်။
မော်တော်ယာဉ်နှင့် လောင်စာဆီတင်ယာဉ် ၁၆၂,၄၁၈ စီးနှင့် အမြောက် ၅၁,၁၄၁ လက်လည်း ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရုရှားဘက်မှ ဒုံးပစ်လောင်ချာ ၂,၂၁၁ ခု၊ လေကြောင်းရန် ကာကွယ်ရေးစနစ် ၁,၇၀၄ ခုနှင့် တိုက် လေယာဉ် ၄၄၃ စီးလည်း ဆုံးရှုံးခဲ့သည်။
ရဟတ်ယာဉ် ၃၅၆ စီး၊ မော်တော်ယာဉ် ၂,၉၄၂ စီး၊ စစ်သင်္ဘော ၃၅ စီးနှင့် ရေငုပ်သင်္ဘော ၂ စီး လည်း ပျက်စီးခဲ့ရသည်ဟု ဆိုသည်။ယူကရိန်း စစ်ဉီးစီးချုပ်ရုံးသည် စစ်ရေး လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသဖြင့် ယူကရိန်းဘက် မှ ထိခိုက်ဆုံးရှုံးမှု အရေအတွက်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပါ။

အနောက်နိုင်ငံများမှ သုတေသနအဖွဲ့များက ရုရှား၏ ထိခိုက်ဆုံးရှုံးမှုသည် ယူကရိန်းထက် များစွာ ပိုမိုမြင့်မားကြောင်း အတည်ပြုထားသည်။မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS) က ရုရှားနှင့် ယူကရိန်း၏ ထိခိုက်ဆုံးရှုံးမှု အချိုးအစားမှာ ၂ ဒသမ ၅ ပုံ ၁ ပုံ သို့မဟုတ် ၂ ပုံ ၁ ပုံခန့် ရှိမည်ဟု ခန့်မှန်းထားသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးက စစ်ပွဲစတင်ချိန်မှစ၍ မိမိတို့ဘက်မှ စစ်သည် ၅၅,၀၀၀ ထက်မ နည်း ကျဆုံးခဲ့ရကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပြောကြားခဲ့သည်။ရုရှား၏ ဒရုန်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲများ အလွန် ပြင်းထန်နေသဖြင့် ကျဆုံးသွားသော စစ် သည်များ၏ ရုပ်အလောင်းများကို ပြန်လည်ရရှိရန် ခက်ခဲလျက်သည်။
အဆိုပါ အခြေအနေများကြောင့် သေဆုံးသူများကို DNA စစ်ဆေး၍ အတည်ပြုရန်အတွက်လည်း ယူကရိန်းက အခက်အခဲများ ရင်ဆိုင်နေရသည်။
News & Photo: The Kyiv Independent




Comments