top of page
Logo-Icon.png

"ယူနက်စကို" အိပ်မက် နဲ့ "ထမနဲ" အလွမ်း

4 days ago
1 min read

နေပြည်တော်က အာဏာရူးအဘတွေဟာ တိုင်းပြည်ကို စောက်တလွဲအုပ်ချုပ်ပြီး ပြည်သူကို မွဲပြာကျအောင်လုပ်ထားပေမဲ့ နိုင်ငံတကာမှာတော့ မျက်လှည့်ပြပြီး ဂုဏ်ယူစရာ ရှာတတ်လွန်းပါတယ်။ကာတွန်းထဲက လူငယ်လေးက "ထမနဲ ကို ယူနက်စကို ဝင်ဖို့ လုပ်မယ်တဲ့" ဆိုပြီး အဘတို့ရဲ့ အလကားသက်သက် ကြွားလုံးထုတ်ချင်တဲ့ စိတ်ကူးယဉ်အိပ်မက်ကို ဖောက်သည်ချလိုက်ပါတယ်။သူတို့ခေတ်မှာ ရိုးရာယဉ်ကျေးမှုတွေကို ကမ္ဘာက အသိအမှတ်ပြုအောင် လုပ်ပေးနေသယောင်ယောင် ဝါဒဖြန့်ချင်နေတာပါ။


ဒါပေမဲ့ မြေပြင်က ပြည်သူတွေရဲ့လက်တွေ့ဘဝကတော့ အဲဒီ ယူနက်စကို ဆိုတဲ့ အိပ်မက်နဲ့ အဝေးကြီးမှာပါ။အမျိုးသမီးဖြစ်သူက ခေတ်ပျက်ကြီးရဲ့ အခါးသီးဆုံးအမှန်တရားကို ဖွင့်ချလိုက်ပါတယ်။ "ပြည်တွင်းထဲမှာဖြင့် ကောက်ညှင်း၊ မြေပဲ၊ ချင်း၊ ဆီ၊ နှမ်း၊ ဆား၊ အုန်းသီး စတဲ့ ဈေးတွေ ကြီးလို့ တပို့တွဲလကို ရောက်ရင်တောင် ပြည်သူက ရိုးရာမုန့် အဖြစ် ထိုးနိုင်ဖို့ မသေချာဘူး" လို့ ခနဲ့လိုက်တာပါပဲ။


ဒါဟာ အဘတို့ဖျက်ဆီးထားတဲ့ စီးပွားရေးပျက်ကပ်ကြောင့် ပြည်သူတွေဘယ်လောက်တောင် အတိဒုက္ခရောက်နေရသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းထောက်ပြလိုက်တာ ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းတွေ အဆမတန်ထိုးတက်နေတဲ့ ဒီခေတ်ကြီးထဲမှာ သာမန်ပြည်သူတွေခမျာ ရိုးရာပွဲတော်ဖြစ်တဲ့ တပို့တွဲလမှာတောင် ထမနဲလေးထိုးစားဖို့အရေး ကုန်ကျစရိတ်ကိုတွေးပြီး သက်ပြင်းချနေကြရပါတယ်။


ကိုယ့်ပြည်သူတွေ ရိုးရာ အစားအစာလေးတောင် မစားနိုင်လောက်အောင် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး ငတ်မွတ်ခေါင်းပါးနေချိန်မှာ နိုင်ငံတကာမှာတော့ ထမနဲကို ယူနက်စကို စာရင်းသွင်းမယ်ဆိုပြီး အရှက်မရှိ လေလုံးထွား ကြွားလုံးထုတ်နေတဲ့ အာဏာရူးစစ်အုပ်စုရဲ့ ဟန်ဆောင်ကောင်းလှတဲ့ သရုပ်မှန်ကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page