ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီက မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂသံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ
ဆားလင်းကြီး ၊ အောက်တိုဘာ ၁၅ ၊ Horizons

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ယမားချောင်းတံတားတွင် ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်က မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂသံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံကြောင်းဘန်နာကို ယမန်နေ့အောက်တိုဘာ(၁၄)ရက်ကစိုက်ထူခဲ့ကြသည်။
အကြမ်းဖက်စစ်ကောင်စီက အတင်းအဓမ္မတရားမဝင်ပြုလုပ်ခဲ့သည့်(၂၀၂၅)ရွေးကောက်ပွဲအပြီးတွင် ကုလသမဂ္ဂ၌မြန်မာနိုင်ငံကိုယ်စားပြုတစ်နေရာစာရရှိရေးကို အကြမ်းဖက်စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများကအားပြိုင်နေကြခြင်းဖြစ်သည်။
အဆိုပါနေရာတွင် ဦးကျော်မိုးထွန်းကိုဆက်လက်တာဝန်ပေးအပ်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများကလူထုလှုပ်ရှားမှုများကို ပြုလုပ်နေကြခြင်းဖြစ်သည်။




Comments