“ရာသီမရွေး ပြေးရတဲ့ခေတ်”
- Horizons News

- 5 days ago
- 1 min read

မိုးရွာရင် ရေကြီးမှာကြောက်လို့ ကုန်းမြင့်ပေါ် တက်ပြေး ရတယ်။
နေသာရင် ဗုံးကြဲမှာကြောက်လို့ မြေကျင်းထဲ ဆင်းပြေး ရတယ်။
ကောင်းကင်ကြီး မည်းမှောင်နေရင် "ရေဘေး" က ဒုက္ခပေးမှာ၊
ကောင်းကင်ကြီး ကြည်လင်နေရင် နေပြည်တော်ကလွှတ်တဲ့ "လေယာဉ်ဘေး" က ဒုက္ခပေးမှာ။
ဒီခေတ်ကြီးမှာ နေသာသာ၊ မိုးရွာရွာ ပြည်သူတွေအတွက်ကတော့ ထီးဆောင်းရမလား၊ နေကာမျက်မှန် တပ်ရမလား စဉ်းစားခွင့်မရှိဘူး... "ဒီနေ့ကော ဘယ်ဘက်ကို ထွက်ပြေးရမလဲ" ဆိုတာပဲ နေ့တိုင်း တွေးပူနေရတဲ့ အတိဒုက္ခခေတ်ကြီးပါပဲဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments