လေလှိုင်းပေါ်က "ကျားဖြန့်" နဲ့ လေကြောင်းပေါ်က "ဗုံးဖြန့်"
- Horizons News

- 5 days ago
- 1 min read

ဒီခေတ်ကြီးမှာ ပြည်သူတွေ နေ့စဉ်နဲ့အမျှ မျက်လုံးဒေါက်ထောက် သတိထားနေရတဲ့ "ဖြန့်" (၂) မျိုး ရှိပါတယ်။
မြို့ပေါ်က လူတွေက ဖုန်းလေလှိုင်းထဲကနေ ငွေလာလိမ်မယ့် "ကျားဖြန့်" ဂိုဏ်းတွေကို လန့်နေရချိန်မှာ... မြေပြင်က အခြေခံပြည်သူတွေခမျာ ကောင်းကင်လေကြောင်းကနေ အသက်လာနှုတ်မယ့် အဘတွေရဲ့ "ဗုံးဖြန့်" လူသတ်ဂိုဏ်းကို အသေအလဲ ကြောက်နေရတာပါ။
ကျားဖြန့်က ငွေလောက်ပဲ ပါသွားမှာ။ အဘတို့ရဲ့ "ဗုံးဖြန့်" ကတော့ ဘုရား၊ ကျောင်း၊ ဆေးရုံ၊ လူနေအိမ် ဘာတစ်ခုမှ မရှောင်ဘဲ ကလိန်ကကျစ်ကျကျ အကုန်လိုက်ဖြန့်ကြဲပြီး အသက်တွေပါ ယူနေတာလေ။
လေလှိုင်းက ဓားပြတွေနဲ့ လေကြောင်းက လူသတ်ကောင်တွေကြားမှာ အပေါ်မော့ကြည့်လည်း ဒုက္ခ၊ အောက်ငုံ့ကြည့်လည်း ဒုက္ခနဲ့ အညှပ်ခံနေရတဲ့ ပြည်သူတွေရဲ့ ဘဝကို "ကျားဖြန့်" နဲ့ "ဗုံးဖြန့်" ဆိုပြီး အထိမိဆုံး သရော်လှောင်ပြောင်ထားတဲ့ ပုံလေးပဲ ဖြစ်ပါတော့တယ်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments